✏ စည်း ✏ ( အစ-အဆုံး )
သူ့နာမည်က "ထွန်းတောက်" ငယ်ငယ်ထဲက အမတွေအဒေါ်တွေကြားထဲ ကြီးပြင်းလာရတော့ သိမ်သိမ်မွေ့မွေ့နေတက်တာသူ့အကျင့် အသက်အရွယ်ရလာတော့လဲကောင်လေးချောချောလေးတွောကိုကြည့်နေရရင်ကိုဖီလင်ကတစ်မျိုး ကားစီးလို့အနားကို ခပ်ချောချောကောင်လေးတွေလာထိုင်ရင်ကို ရင်ခုန်ရတာအမော ကားပေါ်နေရာမရလို့ အပေါ်တန်းတွေကိုင်စီးနေရင်းကောင်လေးတွေရဲ့လက်တွေနဲ့ထိမိရင်ဖိုးသိုးဖက်သက်ကဖြစ်ပြန်ရော သူ့ပုံစံကိုလဲပြောရဦးမယ် ခန္ဓာကိုယ်ကအရိုးပဒေသာသူလူပျိုပေါက်တုန်းကတော့သူ့ခန္ဓာကိုယ်နဲ့ကကွက်တိပေါ့မော်ဒယ်တွေကပိန်ပိန်ပါးပါးခေတ်ကို ခုကြတော့အကိတ်ဖြစ်နေတော့သူက ရောင်းတန်းမဝင်တဲ့ပစ္စည်းတစ်ခုလိုပေါ့ မျက်နှာမှာက လဲ ဝက်ခြံလေးတွေကပဒေသပင်သီး
နေပြန်သည် အရပ်က ၅ပေ ၆လက်မအတိပိုလို့တောင်မရှည် ဒီလောက်ဆိုသူ့ပုံစံကိုမြင်ယောင်လောက်ပါပြီ
အရင်က တော့ homo ဆိုတာမသိခင် တော့ရင်ထဲမှာသာကျိတ်ခံစားခဲ့ရတာပေါ့
နောက်ပိုင်း gtalk လေးပေါ်လာတော့ ထွန်းတောက်တို့ အိမ်ကိုကျောင်းလို့ပြောပြီး အင်တာနက်ဆိုင်ကိုအလုပ်အကျွေးပြုပြီပေါ့ ထိုခေတ်ထိုအခါက ကြည့်ဖို့ site ဆို Manjam ဆိုလား အဲ့တစ်ပဲရှိတာပေါ့ သူအတွက်ကောင်လေးတွေနဲ့ အခုလို chat နေရတာကိုကသာယာမှုတစ်ခုပဲပေါ့
တဖြည်းဖြည်းနဲ့ခေတ်ကတိုးတက်လာပြီလေ
ဖုန်းတွေနဲ့ အင်တာနက်တွေသုံးကြပြီ
Gtalk မှာ တုန်းကဆို စတင်မိတ်ဖွဲ့တာနဲ့
"Hello "
"Hi "
" asl plz ?"
ဒါကိုလူတိုင်းလိုလိုမိတိဆက်နေကြ အသက်ရယ် ကျားလားမလားရယ် ဘယ်မှာနေတယ်ရယ်ပေါ့ ခုခေတ်ကတော့ Facebook မှာအချက်အလက်တွေကအကုန်ပါသလောက်ပါပဲ
ထွန်းတောက် ပထမဆုံးfacebook ကနေချစ်သူစဖြစ်တာက မော်ဒယ်ပိုးဝင်နေတဲ့ကောင်လေး သူ့ကို ထွန်းတောက်က အကျီ်တွေဝယ်ပေးရ ဟိုဟာဝယ် ဒီဟာဝယ်ပေးပြီး တွဲနေရတာပေါ့ ခုခေတ်ခေါ်ဆို ဒီလိုအမ်းမှလဲ ဒီလိုလူကသူ့အနားမှာရှိမှာလေ သူ့ရုပ်ရည်ကလဲ သိတဲ့အတိုင်းဆိုတော့ ထိုမော်ဒယ်လေးနဲ့ တော်တော်ကြာတွဲပီးနောက်မော်ဒယ်လေးက နာမည်ရစပြုလာပြီ ထွန်းတောက်လိုလူကိုသူ့နားမှာဘယ်ထားချင်တော့မလဲ နောက်ဆိုးတာက အစစ်မတစ်ကောင်ကို အတည်တွဲနေတာကိုထွန်းတောက်သိသွားပြီးပြသနာတွေတက်ပါလေရော ဒါနဲ့ပဲကွဲကြပြဲကြပေါ့
နောက်တစ်ယောက်က ထွန်းတောက်အလုပ်ကနေအပြန်ကားစီးရင် ဟိုပြောသည်ပြောနဲ့ ခင်ရာက ရင်းနှီး ရင်းနှီးရာကနေ ညိလာပြန်ရောပေါ့ သူကလဲ ခပ်တောင့်တောင့်ထွန်းတောက်အကြိုက်ထဲကဆိုတော့ သူ့အတွက်
ကားအုံနာခတွေအမ်းပေးဘာပေးပေါ့ ဒီလိုနဲ့ Taxi ကိုကိုနဲ့ ၃ လလောက်တွဲပီး ပြတ်ကြလေသတည်းပေါ့
နောက်တစ်ခါကြတော့ သူ့ထက်၅နှစ်လောက်ငယ်တဲ့ ဖြူ ဖြူ နုနုကောင်လေးတစ်ယောက်နဲ့ပေါ့ သူ့ကြတော့ထွန်းတောက်က ကိုကိုနေရာကပေါ့ဟိုကတော့ ထွန်းတောက်ရဲ့ .....အဲ့လို အဲ့လိုပေါ့နော် :-) :-) ပုလင်းကွဲတွေပြန်ရှကြတာပေါ့
ဟိုကောင်လေးကတော့မသိရှာဘူးပေါ့နော်
ဒါနဲ့ပဲတွဲလာ လိုက်ကြတာ ငါးလလောက်ကြာမှာ ဟိုကောင်လေးခမြာထွန်းတောက် ကလပ်မှာအပွင့်ပုံစံဝတ်ပြီးနောက်တစ်ယောက်နဲ့တွဲကနေတာသိမှာ သူ့အဖြစ်ဆိုးကိုသိသွားပြီး ရှက်ရှက်နဲ့ ဖြတ်သွားပြန်ရော
ထွန်းတောက်တို့က ရည်းစားမရှိမနေနိုင်ကိုဖြစ်နေတဲ့အဖြစ်ကိုရောက်နေပြီ
ဒါနဲ့လိုင်းပေါ်မှာ တက်အီတာပေါ့ ဟောတွေ့ပါပြီ ကတုံးကေနဲ့ အပေါ်ပိုင်းဗလတောင့်တောင့်ကိုကြွားပြီးရိုက်ထားတဲ့ပုံနဲ့အကောင့်ပိုင်ရှင် ထွန်းတောက်လဲ အအီဇယားတွေစခင်းတာပေါ့ အခြေအနေကမဆိုး
ဒါနဲ့ဇာတ်လမ်းတွေစဖြစ်ပြီး တစ်ပတ်အကြာမှာတော့လိုင်းပေါ်မှာပဲချစ်သူတွေဖြစ်သွားကြရောပေါ့ ထွန်းတောက်သူ့ကိုသူတောင်မယုံနိုင် ဟိုဘက်က ရုပ်ရည်ကလဲသန့်သန့် ဘော်ဒီကလဲတောင့်တောင့်မျက်နှာကလဲချောချော သူနဲ့ကတော့ နံသာဆီနဲ့အီးလိုကွာပါ့
ဘာပဲဖြစ်ဖြစ် သာယာမိတာတော့အမှန်ပေါ့နော် သူငယ်ချင်းတွေကိုလဲဂုဏ်ဆာရတာအမောပေါ့ ဟိုကနေတာတစ်မြို့သူနေတာတစ်မြို့ဆိုတော့လိုင်းပေါ်မှာပဲ အလွမ်းသယ်နေကြ ချစ်ကြပေါ့ ဒီလိုနဲ့သူတို့တွေ့ဖို့ အကြောင်းက ဖန်လာပါပြီ သူ့ချစ်သူနေတဲ့မြို့ကိုထွန်းတောက်အလုပ်ကိစ္စနဲ့ သွားရပါပြီ
ထွန်းတောက်ချစ်သူရဲ့မြို့ကိုရောက်တာနဲ့ချစ်သူဘယ်မှာရှိလဲမေးတော့ သူတို့မြို့ရဲ့လက်ဖက်ရည်ဆိုင်မှာတဲ့ ထွန်းတောက်လည်းချစ်သူကိုအံ့သြစေချင်လို့ သူရောက်တာကိုမပြောပဲ ဆိုင်ကယ်ကယ်ရီကိုချစ်သူရှိရာဆိုင်သို့ငှါးလာခဲ့တော့သည် ဆိုင်ရှေ့အရောက်ဆိုင်ထဲကို သူဝေ့ဝိုက်ကြည့်မိတော့ထောင့်ခုံမှာထိုင်နေတဲ့သူ့ချစ်သူကိုတွေ့ရပါပြီ သူ့ချစ်သူမျက်နှာတော့မှန်ပါတယ် ဒါပေမယ့်ဖြစ်နေတဲ့အခြေအနေကြောင့်သူတော်တော်ကိုအံသြမိသွားသည် သူ့ကိုသူလဲရှက်လဲရှက်ကြောက်လဲကြောက်မိသည် ဘာလာလာဒေါင်းတဲ့ထွန်းတောက်ဒီတစ်ခါတော့ရှေ့ဆက်ဖို့လုံးဝမဖြစ်နိုင်ဆိုတာသိလိုက်ပြီ သူ့ဘက်ကပဲစရှင်းတာကောင်းမယ်ထင်ပြီး အစောနာရီပိုင်းအတွင်းကသူ့ချစ်သူလို့သတ်မှတ်ထားသောပုဂ္ဂိုလ်ရှေ့သွားပြီး ရပ်လိုက်သည် သူ့ကိုမြင်တော့တစ်ဖက်က ပုဂ္ဂိုလ်အရမ်းအံ့သြ သွားပုံရသည်
သူ့ကိုတော့မှတ်မိသည်ထင်ပါ့
"ဘယ် .....ဘယ်တုန်းကရောက်တာလဲလာမယ်ဆိုလဲကြိုမပြောဘူး"
ထွန်းတောက် အသံတည်ငြိမ်စွာဖြင့်ပင်
"တင်ပါ့ဘုရား အရှင်ဘုရားကိုဖူးတွေ့ချင်လို့ရောက်တာနဲ့လာခဲ့တာပါဘုရား"
ထွန်းတောက်စကားအနည်းငယ်လျှောက်ပြီးပြန်ခါနီး
"တပည့်တော်ရဲ့အမိုက်အမှားကိုခွင့်လွှတ်ပါဘုရား တပည့်တော် အစထဲကသိရင် စည်း
ကိုကျော်မိမှာမဟုတ်ပါဘူးဘုရား အရှင်ဘုရားလဲ ဟိုအကောင့်ကprofileလေးကိုချိန်းသင့်ပါတယ်ဘုရား
သြော်ထွန်းတောက်ရယ် နောက်ဆိုအီမယ်ဆိုသေချာလေ့လာဟဲ့ကြားလား :-) :-) :-)
အမှားပါက အပြစ်မမြင်စေလိုပါ
(အပြုသဘောရေးသားထားသောစာသာဖြစ်ပါတယ် စော်ကားပုပ်ခက်လို၍မဟုတ်ပါ အပြင်မှာအနည်းအကျဉ်းဖြစ်ပေါ်နေပြီဖြစ်တဲ့ ကိစ္စရပ်လေးတွေကိုအခြေ ခံ၍)
#လရောင်လင်းလက်
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment