written by; Nway Oo Taman Taw & Mone Kar Yan
***`အမုန်းများနှင့် ပြည့်နေသော နွေကာရံ´***
(စ/ဆုံး)
စူးရှလှတဲ့နေရောင်ခြည်ရှိတဲ့နွေ...
ပူပြင်းလှတဲ့နွေ........
ခြောက်သွေ့ ပြီး လွမ်းဆွတ်စရာကောင်းလှတဲ့နွေ...
အဲ့ဒီနွေ.....အဲ့ဒီနွေရာသီမှာပဲ......
-
-
-
မိဘအသိုင်းဝန်း ကလည်း ပြည့်စုံကြွယ်ဝလွန်းလှသည်။ ဦးစိုင်းဓန နဲ့ ဒေါ်နွဲ့လေး ဆိုလျှင် ဟုမ္မလင်း မြို့ ပေါ်၌မသိသူဆို၍ မရှိ.....စိုင်းနေလင်း ဆိုတဲ့ ကောင်လေးကတော့ ဦးစိုင်းဓန နဲ့ ဒေါ်နွဲ့လေးတို့ရဲ့ တစ်ဦးတည်းသော သား တစ်ယောက်ပီပီ ဂျစ်ကန်ကန် ဂျစ်တစ်တစ်လေးနှင့်ဖြစ်သော်လည်း မျက်စိရှေ့မှာအမြင်မတော်ရင် ကူညီပေးတတ်သလို စာအုပ်စာပေဖတ်ရှုမှတ်သားတတ်သောကြောင့် စကားအရာမှာလည်း တတ်လွန်းလှသည်။ မည်သူ တစ်ဦးကမှ စိုင်းနေလင်း နှင့် ယှဉ်ပြိုင်၍မပြောနိုင်ချေ....
မိုးကလည်း အချိန်အခါမဟုတ် ရွာသွန်းနေသည်...အချိန်ခါ မဟုတ်ဘူး ဆိုပေမယ့် နွေလဖြစ်တဲ့ ဧပြီလ မှာ လေများတိုက်ခတ်သလို မိုးများလည်းရွာသွန်းလေ့ရှိတာ အထက်အညာဒေသအတွက်တော့ ထုံးစံပင်....ယခုလည်း အိမ်အပြင်ဘက်မှာ ညမှောင်မှောင်ကြီးထဲမှာ မိုးတွေသည်းထန်စွာရွာနေသည်...နွေလအချိန်ခါမှာ မိုးရွာနေတာကြောင့် နေရထိုင်ရ ကောင်းကာ စိုင်းနေလင်း တစ်ယောက် စာအုပ် တစ်အုပ်ဖက်ကာ ဈာန်ဝင်နေသည်....
"သား ကိုစိုင်း ညစာစားရအောင်"
ဒေါ်နွဲ့လေး ခေါ်လိုက်သံကြောင့် စိုင်းနေလင်း ဖတ်လက်စ စာအုပ်ကို ကဒ်ထူစလေးနှင့် ညှပ်ပိတ်ကာ စာကြည့်စားပွဲပေါ်ထားခဲ့ပြီး ထမင်းစားခန်းကို သွားကာ မျက်နှာထား ပြောင်စစဖြင့်....
"သား ရောက် ပါ ပြီ"
"အေး ရောက်ရင်ထိုင်"
ဦးစိုင်းဓန ရဲ့ ခပ်ပြတ်ပြတ်စကားသံကြောင့် စိုင်းနေလင်း ဇတ်ကလေးပုဝင်ကာ ထမင်းဝိုင်းတွင် ၀င်ထိုင်လိုက်သည်။
ဒေါ်နွဲ့လေး က စိုင်းနေလင်း ကို ထမင်းခူးပေးပြီး ရှေ့မှာချပေးလိုက်တော့....
"သား ကောင်း ကောင်း စား ပါ မယ်"
"ဟိတ်ကောင် စိုင်းနေလင်း"
ဦးစိုင်းဓန ခေါ်ခံကြောင့် စိုင်းနေလင်း မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ် လုပ်ကာ
"ဗျာ ...ဖီဖီ အဲလေ ဖေဖေ"
"တော်တော် စကားများတဲ့ကောင်"
"သား က စကားများ ချင်လို့ များတာ မဟုတ်ပါဘူး အိမ်မှာ ဒီအဖေ ဒီအမေ ဒီသား လေးနဲ့ သုံးယောက်ထဲရှိတာကို...တော်ကြာ ဖေဖေ နဲ့ မေမေ ပျင်းမှာဆိုးလို့ သားက များပေးတာပါ သားကလေ သားက..."
"ငလင်း!"
"အဲ...ဖေဖေ စိမ်းကားတာ သားကို ငလင်း တဲ့"
"တော်စမ်း မင်းပါးစပ်ကိုပိတ်ထားတော့"
"ဟင့် ဒါ ဖေဖေ သားကို ထမင်းမစားနဲ့လို့ပြောတာပဲ သားပါးစပ်ပိတ်တော့ သားထမင်းဘယ်လိုစားရမလဲလို့"
"တော်တော် တတ်လည်း တတ်နိုင်တဲ့ ကောင်ပဲ စကားမများနဲ့ ထမင်းစား ထမင်းစားချိန် စကားများတာမကြိုက်ဘူး"
"ဟုတ်"
ဒေါ်နွဲ့လေး က သားအဖ နှစ်ယောက်စကားပြောနေတာကို တလှည့်စီကြည့်ကာ.....
"တော်ကြပါတော့ သားအဖနှစ်ယောက်လုံး စကားတွေများလိုက်တာ..."
ဒေါ်နွဲ့လေး ရဲ့စကားကြောင့် ဦးစိုင်းဓန နဲ့ စိုင်းနေလင်း တို့နှစ်ယောက်စလုံး ငြိမ်သွားကြသည်။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
"ကိုစိုင်း"
စိုင်းနေလင်း ထိုင်နေတဲ့ လက်ဖက်ရည်ဆိုင်ထဲကို ခေါ်သံနှင့်အတူ အောင်မြင် နဲ့ ကျော်ကြား တို့ညီအကို နှစ်ယောက် ၀င်လာကြသည်။
အောင်မြင် နဲ့ ကျော်ကြား က အမွှာညီအကိုများ မဟုတ်ကြသလို ညီအစ်ကို အရင် များလည်း မဟုတ်ကြပါ။ ဒါပေမယ့် တစ်ရက်ထဲ တစ်ချိန်ထဲမှာ မွေးလာတဲ့ ညီအစ်ကိုဝမ်းကွဲ များပင်ဖြစ်ကြသည်။ အောင်မြင် ကျော်ကြား နဲ့ စိုင်းနေလင်း တို့က ငယ်ငယ်ကတည်းကလည်ပင်းဖတ်ကြီးလာကြတဲ့ငယ်သူငယ်ချင်းများပင်ဖြစ်ကြသည်။ ဆိုးတိုင်ပင် ကောင်းတိုင်ပင် များဖြစ်ကြသလို မတည့်အတူနေ မမြင်ချောင်းကြည့်များလည်းဖြစ်ကြသည်။
လက်ဖက်ရည်ဆိုင်ထဲကို အူယားဖားယား နှင့် ၀င်လာသော အောင်မြင် နဲ့ ကျော်ကြား တို့နှစ်ယောက်ကြောင့် စိုင်းနေလင်း လန့်သွားသည်။
"မင်းတို့နှစ်ကောင်ကလည်းကွာ နောက်ကကျားလိုက်လာတဲ့အတိုင်းပဲ"
အောင်မြင် နဲ့ ကျော်ကြား စားပွဲဝိုင်းတွင်ဝင်ထိုင်ကာ ကျော်ကြား က...
"ကိုစိုင်း ၁၀တန်းအောင်စာရင်းက ဇွန်လ၁၂ ရက်နေ့ ထွက်မှာတဲ့ကွ"
"အင်း..အခုက ဇွန်လ၂ရက်နော်"
"အေး..."
ကိုစိုင်း တွေးသလို စဉ်းစား သလိုဖြင့် မေးကိုပွတ်ကာ ခဏ ငြိမ်နေသည် ပြီးမှ....
"မင်းတို့ နှစ်ယောက် ၁၀တန်းကို ဂုဏ်ထူးဘယ်နှစ်ခုမှန်းထားတာလဲ"
စိုင်းနေလင်းအမေးစကားကြောင့် အောင်မြင်က အလန့်တကြား ဖြင့်...
"ဟိတ်ကောင် ကိုစိုင်းရာ ဘယ်လိုများမေးလိုက်တာလဲ ပေါက်ပေါက် နဲ့ရှာရှာ ဂုဏ်ထူးမှန်းစရာလား အောင်ရင်ကိုပဲပျော်လှပါပြီ ဟဲဟဲ"
"အေးပါကွာ"
စိုင်းနေလင်း နဲ့ အောင်မြင် စကားပြောနေတာကို ကျော်ကြားက ကြားဖြတ်ဝင်ကာ....
"ကိုစိုင်း...မင်းကရော ဂုဏ်ထူးမှန်းထားသေးလား"
"မှန်းထားလားဆို အောင်စာရင်းထွက်မှပဲ ကြည့်ပေါ့ကွာ သေချာတာကတော့ ကျောင်းတက်ရင် မင်းတို့နှစ်ယောက်နဲ့ အတူတူပဲတက်မယ်ဆိုတာပဲ"
"အေးပါ....ငါတို့သုံးယောက် တက္ကသိုလ် ကြီးကိုအတူ ချီတက်ကြတာပေါ့"
"ဒါပေါ့ကွာ"
သုံးယောက်သား ရေနွေးကြမ်းပန်းကန်များကို လေထဲတွင်မြှောက်၍တိုက်လိုက်ကြသည်။
အောင်စာရင်းမထွက်ခင် ကြားထဲကအချိန်လေးများတွင် စိုင်းနေလင်းတို့ သူငယ်ချင်းသုံးယောက် စိတ်တူကိုယ်တူပင် လက်ဖက်ရည်ဆိုင်ထိုင်ကြ ဂိမ်းဆိုင်တွင် အချိန်ကုန်ကြဖြင့် သာသာယာယာဖြင့်ဖြတ်သန်းကြသည်။
အောင်စာရင်းထွက်မည့် မနက်အစောကြီးတွင် စိုင်းနေလင်း တို့သုံးယောက်သာမက အခြားသူများလည်း ဟုမ္မလင်း အ.ထ.က(၁)ကျောင်းမှာ့ အောင်စာရင်းမကပ်မှီကတည်းကရောက်နေကြသည်။ အောင်စာရင်းကပ်တော့ အလုယက်ဖြင့် အောင်စာရင်းကိုတိုးဝှေ့ကြည့်ကြရသည်။ အောင်မြင်က ဒိုင်ခံတစ်ယောက်ထဲ လူအုပ်ကြားထဲတိုးဝင်ကာ အောင်စာရင်းကိုကြည့်သည်။ စိုင်းနေလင်းနှင့် ကျော်ကြားကတော့ လူအုပ်နှင့်ခပ်လှမ်းလှမ်းမှာ ရပ်ပြီးစောင့်နေကြသည်။အချိန်အတော်ကြာတော့ အောင်မြင် မျက်နှာကို ကြံသကာရည် သုတ်ထားသကဲ့သို့ စိုင်းနေလင်းနဲ့ ကျော်ကြားထံ ပြေးလာပြီ....
"ငါတို့ သုံးယောက်လုံးအောင်တယ်ကွ ကိုစိုင်းက မြန်မာစာ ဂုဏ်ထူးတောင်ပါသေးတယ်"
စိုင်းနေလင်းက ခပ်တည်တည် ဖြင့်...
"ကဲ..ငါတို့သုံးယောက် အကုန်အောင်တယ် တက္ကသိုလ်ရောက်ရင် မေဂျာတစ်ခုထဲမှာ အတူတူတက်ရမယ်"
စိုင်းနေလင်းပြောစကားကြောင့် ကျော်ကြားက..
"ကိုစိုင်း မင်းက ဂုဏ်ထူးတစ်ဘာသာပါတယ်လေ ငါတို့ထက်အမှတ်ကောင်းမှာပေါ့ ဘယ်လိုလုပ် မေဂျာတစ်ခုထဲအတူတူတက်မှာလဲ"
"ဒီမှာ ငါပြောပြမယ် မင်းတို့ဂုဏ်ထူးမပါလည်း မင်းတို့အမှတ်တွေလည်းမနည်းဘူးဆိုတာငါယုံတယ် ငါစဉ်းစားထားတာ တစ်ခုရှိတယ်"
အောင်မြင် နှင့် ကျော်ကြားက တစ်ပြိုင်နက်တည်းပင်...
"အေး ပြောပါဦး"
"မင်းတို့ တွေးခေါ်ရတာ သဘောကျလား"
"အင်းသဘောကျတယ်"
"ဒါဆို ငါတို့သုံးယောက် philosophy မေဂျာကို လျှောက်ရအောင် ဘယ်လိုလဲ"
အောင်မြင်နှင့် ကျော်ကြား နှစ်ယောက်စလုံး ငြိမ်ကျသွားကာ အတော်ကြာမှ ကျော်ကြားက
"Philosophy မေဂျာက ခက်တယ်လို့ ငါကြားဖူးတယ်နော် ပြီးတော့ ဖြူတာကနေ အမဲဖြစ်သည်ထိစဉ်းစားပြီးတွေးရတာလို့လည်းကြားဖူးတယ် ဖြစ်ပါ့မလား"
"အာ မင်းတို့ကလည်း အဲ့လိုတွေးရတာ ပိုကောင်းတာပေါ့ ဘာမှစိတ်ပူမနေနဲ့ ငါကတော့ Philosophy ကိုလျှောက်မယ် ဘယ်လိုလဲ"
အောင်မြင် နဲ့ ကျော်ကြား တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီးမှ....
"OK ကောင်းပြီကွာ ငါတို့သုံးယောက် Philosophy ကိုအတူတူလျှောက်ရတာပေါ့"
"Ok"
သုံးယောက်သား အတိုင်ဖောက်ညီစွာပြောရင်း လက်ဖက်ရည်ဆိုင်သို့ ချီတက်ခဲ့ကြသည်။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
၁၀တန်းအောင်စာရင်းထွက်ပြီး နောက်ပိုင်း မေဂျာလျှောက်လွှာတွေမှာလည်း သုံးယောက်သားတိုင်ပင်ပြီး လျှောက်ခဲ့ကြရာ မုံရွာတက္ကသိုလ် မှာပင် Philosophy မေဂျာကို သုံးယောက်လုံးရခဲ့သည်။ ဒီဇင်ဘာလ ၁ရက်နေ့တွင် ကျောင်းတွေစဖွင့်မည်ဆိုသောကြောင့် တစ်ပတ်ကြိုကာ ဟုမ္မလင်း ကနေ မုံရွာမြို့ကို ဆင်းလာခဲ့သည်။ စိုင်းနေလင်း အောင်မြင် ကျော်ကြား တို့သုံးယောက်လုံးရဲ့ မိဘများက လေယာဉ်ဖြင့်သွားခိုင်းသော်လည်း ငြင်းဆန်ကာ အမြန်ယာဉ်စီးပြီး သုံးယောက်သား မုံရွာကိုရောက်လာခဲ့သည်။ ဟုမ္မလင်း ကနေ မနက်၎နာရီထွက်လာခဲ့သည်မှာ နောက်ရက်မနက်၅နာရီလောက်မှာသာ မုံရွာကိုအမြန်ယာဉ်ဆိုက်သည်။ တစ်လမ်းလုံးသုံးယောက်သားမအိပ်နိုင်ပဲ အမြန်ယာဉ်ပေါ်မှာငေးပြီးလိုက်လာခဲ့သည်။ အမြန်ယာဉ်ဆိုက်တော့ သုံးယောက်သား ဆိုင်ကယ်ကယ်ရီ ငှါးကာ ကြိုတင်ဆက်သွယ်ထားတဲ့ ဟုမ္မလင်းကအသိဦးလေးကြီးဖွင့်ထားတဲ့ အဆောင်ကိုပင်တန်း၍သွားကြသည်။ အဆောင်ရောက်ရောက်ချင်း အဆောင်ပိုင်ရှင်ဦးလေးထွေးမောင် နှင့် စကားအနဲအကျဉ်းပြောပြီး အောင်မြင် နဲ့ကျော်ကြားက တစ်ခန်း စိုင်းနေလင်းက သူများနဲ့လည်းရောနှောစွာအခန်းကိုမသုံးတတ်၍ နှစ်ယောက်ခန်းကို တစ်ယောက်ထဲဖြင့် နှစ်ယောက်စာပေးတာနေလိုက်သည်။ သုံးယောက်စလုံးခဏနားကာ ညနေလောက်ရောက်တော့ ရေချိုးပြီး လူတွေ မုံရွာမရောက်ခင်ကတည်းက အသင့်ရောက်နေပြီးသော ဆိုင်ကယ်သုံးစီး တစ်စီးဆီ မောင်းကာ မြို့ကို ပတ်ကြသည်။ လမ်းခုလတ် တစ်နေရာရောက်တော့ တစ်ဖက်အကွေ့က ဆိုင်ကယ်တစ်စီးနှင့် စိုင်းနေလင်း ဆိုင်ကယ် ထိပ်တိုက်တွေ့ကာ.....
"ကျွီ...."
စိုင်းနေလင်း မျက်စိစုန်မှိတ်ကာ ဘရိတ်ကိုအုပ်လိုက်ရင်း ဆိုင်ကယ်ကိုရပ်လိုက်သည်။
"ညီ..ဘာဖြစ်သွားလဲ ညီ....ညီ"
ကြည်လင်ပြတ်သားလှတဲ့ခေါ်သံနှင့်အတူ စိုင်းနေလင်း ရဲ့ ပုခုံးကိုဆွဲကိုင်လှုပ်လိုက်မှ စိုင်းနေလင်း မှိတ်ထားတဲ့ မျက်လုံးကို ဖြေးဖြေးချင်းဖွင့်ကာ ခေါင်းငုံ့လျက်ပင်....
"ဗျာ..."
"ဘာမှမဖြစ်ဘူးမို့လား ဆိုင်ကယ်အချင်းချင်းလည်း မတိုက်မိပါဘူး ညီ အရမ်းလန့်သွားတယ်ထင်တယ်"
စိုင်းနေလင်း ကိုယ့်အဖြစ်ကိုယ်ပြန်တွေးကာ အသည်းငယ်တတ်ရန်ကောဆိုပြီး ရှက်စိတ်ကလေးလည်းဖြတ်သန်းသွားမိသည်။ ရှက်ရှက်ဖြင့်ပင် စိုင်းနေလင်းဆိုင်ကယ်ဖြင့် တိုက်မိမလိုဖြစ်တဲ့ တစ်ဖက်က ဆိုင်ကယ်စီးလာတဲ့ သူကို ကြည့်လိုက်မိသည်။ အလိုလေး....တည်ကြည်လှသည့်ဥပဓိရုပ်နှင့် အရပ်ရှည်ရှည်ခပ်ဖြောင့်ဖြောင့် ခန္ဓာကိုယ်တို့ကလည်း ရုပ်ရည်ဖြင့်လိုက်ဖတ်ကာ အလွန်ကြည့်ကောင်းလွန်းလှသည်။ စိုင်းနေလင်း ခဏကြာအောင် မှင်သက်နေမိသည်။
"ညီ.."
ခေါ်သံကြားမှ စိုင်းနေလင်း ရှက်ကိုးရှက်ကန်းဖြင့်
"ဗျာ ဟုတ်"
"အော် ညီလည်း ဘာမှမဖြစ်တော့ အကိုသွားပြီနော်"
"ဟုတ်..အကို"
စိုင်းနေလင်းမျက်စိရှေ့ကနေ ဆိုင်ကယ်မောင်းပြီးထွက်သွားတဲ့ ထိုသူကအရမ်းကြည့်ကောင်းလွန်းနေသည်။ ထိုသူကို စိုင်းနေလင်း လည်ပြန်လိုက်ငေးကြည့်နေမိသည်။
"ကိုစိုင်း"
အောင်မြင်ရဲ့ ခေါ်သံကြားမှ လန့်သွားကာ ဘေးနားမှာရှိနေတဲ့ အောင်မြင် နဲ့ ကျော်ကြား ကို သတိမထားမိနိုင်လောက်တဲ့အထိ ငေးမိသွားတာ ကိုယ့်ကိုယ်ကိုယ် ပင် အံ့သြမိသွားသည်။ ညအိပ်သည်အထိ ပုံရိပ်တွေကနှောင့်ယှက်နေပြန်သည်။ စိုင်းနေလင်း ကိုယ့်ကိုယ်ကိုယ် ရူးနေပြီလားလို့ပိုထင်နေမိသည်။
ကျောင်းတွေဖွင့်တော့ စိုင်းနေလင်း စိတ်ထဲမှာ မေ့မေ့ပျောက်ပျောက်ဖြစ်သွားကာ ပုံမှန်အတိုင်းပင် စာသင်ချိန်တွေတက်လိုက် အောင်မြင် ကျော်ကြားတို့နှင့် အားတဲ့အချိန်ဆို မုံရွာအနီးပတ်ဝန်းကျင်က နေရာများသို့သွားလိုက်ဖြင့်ပင်အချိန်တွေကုန်ဆုံးသွားသည်။
တစ်နေ့ညနေခင်းမှာ စိုင်းနေလင်း ရေချိုးရင်း မျက်နှာသစ်ဆပ်ပြာကုန်သွားးသည်။ ရေချိုးပြီး အ၀တ်စားဝတ်ရင်း တစ်ဖက်ခန်းမှာနေတဲ့ အောင်မြင်နဲ့ ကျော်ကြား အား...
"အောင်မြင် ကျော်ကြား ငါ အသုံးဆောင်ပစ္စည်းလေးတွေ လိုအပ်တာတွေ သွားဝယ်မလို့ မင်းတို့ လိုက်ဦးမှာလား"
"မလိုက်တော့ဘူး"
နှစ်ယောက်လုံးတစ်ပြိုင်တည်းပြောလိုက်တာကြောင့် စိုင်းနေလင်း တစ်ယောက်ထဲပင် ဆိုင်ကယ်နဲ့ ထွက်လာခဲ့သည်။ ၀ယ်စရာရှိတာတွေဝယ်ပြီး ၀က်သားဒုတ်ထိုး စားချင်လာတာနှင့် ညဈေးကိုဦးတည်ပြီးဆိုက်ကယ်ကိုမောင်းလာခဲ့လိုက်သည်။ ၀က်သားဒုတ်ထိုးဆိုင်ရောက်တော့ စိုင်းနေလင်း စားချင်တာတွေကို ၀က်သားဒုတ်ထိုး သည်အားပြောပြနေစဉ်....
"အကို ကျနော့်ကို ကျောက်ကပ်စိပေးပါ"
စိုင်းနေလင်း ဘေးနားမှာ မတ်တပ်လာရပ်ပြီး ပြောလိုက်သူကို စိုင်းနေလင်း ကြည့်မိလိုက်သည်။ အလိုလေး...သူပါလား...ဟိုအကိုပါလား....
သူကတော့ စိုင်းနေလင်းကို မြင်တော့ မှတ်မိပုံမပေါ်ပေ။ ကိုယ့်ကို မမှတ်မိတဲ့သူကို စိုင်းနေလင်း ကြည့်ပြီး ၀မ်းနည်းလာမိသလိုခံစားမိသည်။ ၀က်သားဒုတ်ထိုး ဆက်စားချင်တဲ့စိတ်မရှိတော့တာနဲ့ ပိုက်ဆံရှင်းလိုက်ပြီး ဆိုင်ထဲကအထွက်...
"ညီ"
ခေါ်သံကြောင့် စိုင်းနေလင်း လှည့်ကြည့်လိုက်တော့....
"ဒါ ညီ့ ဆိုင်ကယ်သော့လား"
စိုင်းနေလင်း ဘောင်းဘီအိတ်ကို ဟိုစမ်းဒီစမ်းလုပ်ကာ....
"ဟုတ်..ဟုတ်အကို ကျနော့် ဆိုင်ကယ်သော့ပါ"
စိုင်းနေလင်း ကို ဆိုင်ကယ်သော့ပေးပြီး တစ်ဖက်ကိုပြန်လှည့်သွားတဲ့သူ့ကို စိုင်းနေလင်း နားမလည်နိုင်....
တကယ်ပဲ သူမမှတ်မိတာလား မမှတ်မိချင်ဟန်ပဲဆောင်နေတာလား စိုင်းနေလင်း ခေါင်းတွေနောက်ကျိလာကာ အဆောင်ရောက်တော့ စောစော အိပ်ယာဝင်ခဲ့မိသည်။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ကျောင်းပိတ်ရက် စနေနေ့လည်းဖြစ်တာကြောင့် စိုင်းနေလင်း ရေချိုး မနက်စာ စားပြီး အိပ်ယာထဲမှာပင် ဟိုလှိမ့်ဒီလှိမ့်ဖြင့် လုပ်ကာ ကိုယ့်ကို မမှတ်မိတဲ့သူ အကြောင်းကို အဆက်စပ်မရှိ တွေးနေမိသည်။
`ဒေါက်...ဒေါက်´
အခန်းတံခါးခေါက်သံကြောင့် စိုင်းနေလင်း အိပ်ယာမှထကာ တံခါးဖွင့်ပေးလိုက်တော့ အောင်မြင် နဲ့ ကျော်ကြား အခန်းထဲဝင်လာသည်။
"ပြော မင်းတို့နှစ်ကောင် ဘာကိစ္စ"
"စာပေဟောပြောပွဲသွားရအောင် မင်းကိုလာခေါ်တာ လိုက်မှာမို့လား"
စိုင်းနေလင်း ခဏတွေးကာ အဆောင်မှာနေလည်း ဘာမှမဟုတ်မည့်အတူတူ အောင်မြင် ကျော်ကြား တို့နှင့် စာပေဟောပြော ပွဲ ကိုလိုက်လာခဲ့လိုက်သည်။ မူးယစ်ဆေးဝါး နှင့်ပတ်သတ်ပြီး အသိပညာပေးဟောပြောပွဲဖြစ်သောကြောင့် ယူနီဖောင်းနှင့် လူများလည်း များပြားလှသည်။
စိုင်းနေလင်း ဖုန်းကိုကြည့်ရင်း လမ်းလျှောက်လာကာ လူတစ်ယောက်နှင့် ၀င်တိုက်မိလိုက်သည်။ ၀င်တိုက်မိသူရဲ့မျက်နှာကို မမြင်မိခင် အ၀တ်စားကို မြင်ယုံနှင့် ရဲဝန်ထမ်း တစ်ယောက်ဆိုတာသိလိုက်သည်။ စိုင်းနေလင်း မမြင်မိလို့ ၀င်တိုက်မိတာကို တောင်းပန်ရန် မျက်နှာကိုမော့ကြည့်လိုက်တော့......
"ဟင်...."
စိုင်းနေလင်း ၀င်တိုက်မိတဲ့သူက စိုင်းနေလင်းရဲ့ အတွေးထဲမှာ အမြဲစိုးမိုးနေတဲ့သူ....ထိုသူက ရဲဝန်ထမ်း တစ်ယောက်လား....ယူနီဖောင်းနှင့် ထိုသူအရမ်းကြည့်၍ကောင်းနေလွန်းလှသည်။
သို့ သော် ဒီတစ်ခါလည်း သူက မှတ်မိ သည့်ပုံမပေါ်
စိုင်းနေ လင်း တောင်းပန်ဖို့ စကား စရန်ကြိုးစားနေတုန်းပင်ရှိသေး သူက ရပါတယ် ဟုသော အပြုံး မျိုး ဖြင့် ပြုံး ပြကာ သူ့ လမ်းသူ ဆက်သွားလေ ရဲ့။
မူးယစ်ဆေးဝါး အသိပညာပေး ဟောပြောပွဲ မှ စာပေ ဟောပြောသူတို့က ရှေ့က အားနဲ့ မာန်နဲ့ ဟောပြော နေသော်လည်း သူတို့ စကား လုံးတို့က စိုင်းနေလင်း နားထဲ သို့ မရောက်။
စိုင်းနေလင်း ရှေ့က ပြောနေသမျှ ကို ဘာမှ နားမထောင်လိုက်ရ တချိန်လုံး လုံခြုံ ရေး ယူနေသော ရဲယူနီ ဖောင်း နဲ့ သူ့ထံပဲ စိတ်ရော မျက်လုံးရော က ရောက်နေလေရဲ့။
"တော်တော်နေနိုင်တဲ့လူ
တစ်ခါလည်း မဟုတ် နှစ်ခါလည်းမဟုတ် တွေ့နေတာ တောင် ခုထိ မမှတ်မိချင်ယောင် ဆောင်နေတုန်း"
စိုင်းနေလင်း ဒေါသ တို့အား ချုပ်တည်း ကာ စာပေဟောပြော ပွဲ ပြီးသည် ထိ စောင့်နေလိုက်သည်။
စိတ်ထဲက လည်း ယူနီဖောင်းနဲ့ သူ့ အား
"ပြီးရင်တော့တွေ့ပြီပေါ့ကွာ" ဟု ကျိန်းလိုက်မိသေးသည်။
စာပေဟောပြောပွဲ ပြီး ပြီး ချင်းဆိုသလိုပင် စိုင်းနေလင်း ထိုင်ခုံမှ ထလိုက်ကာ အပေါက်ဝ ရှိထို သူရှိရာ သို့တန်းသွားလိုက်သည်။
နောက်
-ဟို………
ဆရာခန
-သြော် အေး ညီပြောလေ
-ဟို ……ဟိုဟာ လေ
-ဘာလဲ ညီ
-ကျွန်တော် Toilet ဝင်ချင်သို့ ဗျ အဲ့ဒါ ရှာ မရလို့ တစ်စိတ်လောက် လိုက်ပို့ပေးပါလား
-သြော် အင်း ညီ လာ ကိုယ် နဲ့ လိုက်ခဲ့
စိုင်းနေလင်း သူ့နောက်က လိုက်ရင်း
-ဆရာ နာမည် ဘယ် လိုခေါ်လဲဗျ
-ဆရာ ဆရာ မခေါ်ပါနဲ့ ညီရာ အသက်လဲ သိပ်ကွာ တာမဟုတ် ပါဘူး။
-ဟုတ် အကို
-ကိုယ့် နာမည် က သီဟကို ပါ
-သြော် ဟုတ် ကျွန်တော်က စိုင်းနေ လင်းပါဗျ
စကားသာ ပြောရင်းလမ်းလျောက်နေရသည် လမ်းကြားလေးက ကျဉ်းတာ မို့ သီဟကို က ရှေ့က လျောက် စိုင်းနေလင်း က နောက်က လျောက်ဖြင့် လျောက်လာခဲ့ရသည်။
-ဒါနဲ့ အကို က ဒီ ကို လုံခြုံ ရေးလာယူတာလား
သိသိကြီး နှင့်ပင် စကားအစရှာ မရလို့ မေးလိုက်ခြင်းဖြစ်သည်။
နောက် စိုင်းနေလင်း နောက်သို့ လှည့်ကာ ခြေသံမကြားအောင် တစ်ချိုး တည်း လစ်တော့သည်။
အမှန်တကယ် ရေအိမ်ဝင်ချင်တာမှ မဟုတ်ပဲ။
သူ့အကြောင်း သိချင်တာရယ် သူ့ကို စချင်တာ ရယ် ကြောင့်သာ တမင် အကြောင်းရှာခြင်း ဖြစ်သည်။
သီဟကို ကတော့ ပြောစရာပြောရင်း ရေအိမ် ရှေ့ရောက်တော့
-ကဲ ညီ…………
နောက်လှည့်ကြည့်တော့ မရှိတော့
-ဟာ ဘယ်ရောက်သွားတာလဲ
သီဟ ကို အတော်တင်းသွားမိသည်။
-တောက်……
နောက်စရာရှားလို့ ကွာ အလုပ်မရှိအလုပ်ရှာတယ်
သီဟကို လည်း တစ်ယောက်တည်း ပေကလပ် ပေကလပ်နဲ့ ပဲ လမ်းအတိုင်း ပြန်ထွက်လာခဲ့ရတော့သည်။
-ဟ ကိုစိုင်း ဘယ်တွေသွားနေတာလဲဟ
စိုင်းနေလင်း ကို မြင်မြင် ချင်း အောင်မြင် နှင့် ကျော်ကြားတို့က စီး မေးလေ၏။
-ဘယ်မှ မဟုတ်ပါဘူး ရေအိမ်ခနသွားတာ
ပြီးပြီ မလား ပြန် ကြမယ်
-အေးပြန်ကြတာပေါ့
စိုင်းနေလင်း နှင့် ကျော်ကြား တို့ နှစ်ယောက် စာပေဟောပြောပွဲ မှ အပြန် အဆောင်သို့ တန်းမပြန်ပဲ မြို့ ထဲ တော်တော်စုံအောင် လျောက်သွားလိုက်ကြသေးသည်။
******************************************
အခန်းထဲတစ်ယောက်တည်း နေရင်း စိုင်းနေလင်း နေ့လည် က အကြောင်းကို ပြန်တွေးကာ တခစ်ခစ် ရီနေမိသည်။
သြော် ငါ ဘာဖြစ်ပါလိမ့်
သူ့ကို မကျေနပ်လို့ ပြန် ပညာပြလိုက်တာ ဒီလောက်ထိ ကျေနပ်စရာ ကောင်းမယ် မှန်း တကယ် မသိခဲ့ပါလား။
ဟ ဟ နောက်တစ်ခါထပ်တွေ့ ရင် ဒီ ထက် ခံပြင်းစရာ ကောင်းအောင် ပညာပေးရမယ် ။
ဟင်းးး စိုင်းနေလင်းကွ
လူ ကို သိရဲ့ သားနဲ့ မသိချင်ယောင် ဆောင်ချင်ဦး
စိုင်းနေလင်း တစ်ယောက် ကိုယ့် အတွေးနဲ့ ကိုယ် တစ်ယောက်တည်း ကြံစည် ကာ ကျေနပ်နေမိသည်။
သို့သော် စိုင်းနေလင်း နောက်ထပ် ဆုံတွေ့ဖို့ မျှော်လင့် နေရသူ ယူနီဖောင်းနှင့် သပ်ရပ် ခန့်ငြား လှသူ သီဟကို ဆိုသူကတော့ ထိုနေ့(စာပေဟောပြောပွဲ တွင် တွေ့ခဲ့သောနေ့) မှ စ၍ ပျောက်ခြင်းမလှ ပျောက်နေချေလေသည်။
စိုင်းနေလင်း သတိတထား နှင့်သွားလေရာ ရှာကြည့်မိသော်လည်း အမှန်တကယ်ပင် သူ့ကို ထပ်မတွေ့ ရတော့ပေ။
ခုဆို စိုင်းနေလင်း စချင် နောက်ချင် နေ၍ ရှာကြည့်နေမိသော ယူနီဖောင်းနှင့် သီဟကို အား စိုင်းနေလင်း အတွေးထဲ ကွယ်ပျောက် လုနီးနီးပင် ဖြစ်နေချေပြီ။
အချိန်ကလည်း သူ့ကို မတွေ့သည့်ရက်မှ ခုထိ ဆို နှစ်လကျော်ကျော် ပင်ရှိနေချေပြီ မဟုတ်လား။
********************************************
စိုင်းနေလင်း ကျောင်းတက်ကာလ နှစ်လအတွင်း အောင်မြင်နှင့်ကျော်ကြား တို့ကဲ့သို့ ညီအစ်ကို ခင်ရသော သူငယ်ချင်းကောင်းတစ်ယောက်ထပ်ရသည်က လွဲ လို့ ဘာမှ ထူးထူးခြားခြား မရှိခဲ့။
-ကိုစိုင်း
-အေးပြော ကျော်ကြား
-ဟိုကောင်မလာသေးဘူးလား အတန်းချိန်ကနီးနေပြီ။
-အေး ခုန ဖုန်းဆက် မေးတော့ လာနေပြီပြောတာပဲဟ ခနစောင့်လိုက်ပါဦးမယ်ဟ အေးဆေးပေါ့
အောင်မြင် ရော ကျော် ကြား ရော က ဘာမှ ပြန်မပြောပေမယ့် ပြီးတာပဲ ဟုသော အကြည့်ဖြင့် ကြည့် ကာ သောက်လက်စ Coca-Colar အား ဆက်သောက်နေကြလေရဲ့။
ခနကြာတော့ သုလင်းထက် တစ်ယောက် ကန်တင်းဘက်သို့ သုတ်ခြေတင်ကာ လာနေသည်ကို စိုင်းနေလင်းမြင်မှ
- ကဲ ဆရာသမားတို့ သွားကြမယ် ဟို ငနာ လာပြီ
-အေး သွားသင့်တာကြာနေပြီ
ဟုဆိုကာ အောင်မြင်နှင့်ကျော်ကြား တို့ က အရင်ထသွားလေရဲ့။ စိုင်းနေလင်းလဲ ရှင်းစရာ ရှိတာ ရှင်းပြီး အောင်မြင် တို့နောက်သို့ သုတ်ခြေတင် ကာ လိုက် ခဲ့ရတော့သည်။
ခုဆို အောင်မြင် ကျော်ကြား စိုင်းနေလင်း နှင့် သုလင်းထက်တို့ သွားတူ လာတူ စားတူ ကျောင်းတက်တူ အတန်းလစ်အတူ ဖြင့် အတွဲ ညီစွာ အဖွဲ့တစ်ဖွဲ့ လိုပင်ဖြစ်နေခဲ့သည်။
အဖွဲ့ တစ်ဖွဲ့ ဆိုတာ ထက်စိတ်တူ ကိုယ်တူ ညီအကို တေ တစ်တန်း တည်း လာတက်နေကြသလိုပင်။
-ဟေ့ကောင်တေ
စိုင်းနေလင်း အောင်မြင် နှင့် ကျော်ကြား တို့က ဘာလဲ ဆိုသော အကြည့်ဖြင့် သုလင်းထက် အား အားလုံး ဝိုင်းကြည့် လိုက်ကြသည်။
သုလင်း မှ ဆက်ကာ
-ငါ ခုပိတ်ရက် အိမ်ပြန်မယ် သူငယ်ချင်းတေလည်း ပါ လာမယ် လို့ အိမ်ကို ပြောထားတယ် အဲ့ဒါမင်းတို့လိုက်မယ် မို့လား။
အောင်မြင်က ထကာ
- ဟေ့ကောင် မင်းက ပိုင်လှချည်လား ငါတို့ လိုက်မယ်တောင်မပြောရသေးဘူးနော်
ဟုဆို ကာ စိုင်းနေလင်းနှင့် ကျော်ကြားဘက် လှည့်ကာ အဖော်ညှိလိုက်သည်။
စိုင်းနေလင်း နှင့် ကျော်ကြားလည်း သံယောင်လိုက်ကာ
-အေးလေ ငါတို့ တောင် လိုက်မယ်မပြောရသေးပါဘူး
-ဒါဆို မင်းတို့က မလိုက်ဘူးပေါ့
နေလေ ငါက ညီမ ဝမ်းကွဲတေနဲ့ မိတ်ဆက်ပေးမလို့ဟာ
ထိုတော့မှ အားလုံးက ညှိထားတဲ့ အတိုင်း သံပြိုင်ပင်
-ငါတို့လည်း မလိုက်ဘူးလို့ မပြောမိပါဘူးဟ
-ဟားဟားးးးး
လေးယောက်သားပြိုင်တူပင် ထရယ်လိုက်ကြသည်။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ညကားစီးလာကြ၍ မနက်စောစောပင် သုလင်းထက်နေထိုင်ရာမြို့သို့ ရောက်ရှိလာခဲ့ကြသည်။
ဝင်ဝင်ချင်းပင် ပဲခူးမြို့ မှ ကြိုဆိုပါ၏ ဆိုသော ဆိုင်းဘုတ်ကြီး က မားမား မတ်မတ် ကြိုဆို နှုတ်ခွန်းဆက်နေလေရဲ့။
နိဓ္ဓဒူဝ မြင်နေရသော နေရာတစ်ခု မဟုတ်ပဲ မြင်ကွင်းသစ် တစ်ခုကြောင့် စိတ်တို့က အလိုလို လတ်ဆတ် ရွှင်ပျလျှက်ရှိနေကြသည်။
လေးယောက်သား လာကြကတည်းက ကျောင်းတစ်ပတ်လောက်လစ်မည်ဟုဆုံးဖြတ်ခဲ့ ပြီးသားမို့ နေရာ အနှံ့ လျောက်သွားနိုင်လိမ့်မည် ဆိုတာ ကျိန်းသေနေလေပြီ။
စိုင်းနေလင်းလည်း
-မင်္ဂလာပါ ပဲခူးမြို့ ကြီး ရေ
စိတ်ထဲက နှုတ်ခွန်းဆက်ရင်း ပဲခူးမြေပေါ်သို့ တက်ကြွသော ခြေလှမ်းတို့ စတင် နေရာချလိုက်တော့သည်။
ကားဂိတ် အထိ သုလင်းထက် အိမ်က ဆိုင်ကယ် သုံးစီးဖြင့် လာကြိုကြသည်။ အဝတ်အစားတို့က လည်း တစ်ယောက် ကျောပိုးအိတ်တစ်လုံးစီဖြင့် အနည်းငယ်မို့ ကရိကထ သိပ်မဖြစ် ဆိုင်ကယ် နှစ်စီးက နှစ်ယောက်စီ စီး၍ ကျန်တစ်စီး က သုံးယောက်စီးကာ သုလင်းထက်အိမ်သို့ ခရီးဆက်လိုက်ကြတော့သည်။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ရောက်ရောက် ချင်း နေမှာတော့ ကိုစိုင်း တို့အုပ်စု ခရီးပမ်း လာကြသည်မို့ အေးဆေးပင်နားလိုက်ကြတော့သည်။
နောက်တစ်နေ့ သုလင်းထက်က စကာ
-ကဲ ငါ့ကောင်တေ ဘယ်တေသွားချင်လဲ ဘာတေ လုပ်ချင်လဲ ပြောကြ
ကျော်ကြားမှ စကားဖြတ်ကာ
-ဟ သုလင်း ရ ပဲခူးရောက်မှ တော့ ရွှေမော်ဓောဘုရား ကို ပဲ အရင်သွားမှာပေါ့ ကွ
ကိုစိုင်းနဲ့ အောင်မြင်က လည်း တိုင်ပေါက် ညီ စွာ
-အေးဟုတ်တယ် ဟု ဝင်ထောက်ခံလိုက်သည်။
ပဲခူး မြို့ ကြီးမှာ သူတို့ လေးယောက်ရဲ့ ပထမဆုံး အလည်ပတ် ခရီးစဉ်ကတော့ ရွှေမော်ဓော ဘုရားသို့ပင်ဖြစ်လေတော့သည်။
သုလင်းထက် တို့ အိမ်က ပဲခူးမြို့ ရဲ့ အစွန်းဘက် က ကျောက်တွင်းကုန်း ဘက်တွင်မို့ ရွှေမော်ဓော ဘုရားသို့ သွားရသည့် ခရီးမှာ သိပ်မဝေးလှ။
ထို့ကြောင့် ဘုရားဖူးပြီး ခဏ သာ ဘုရားမှာ နေကာ စိုင်းနေလင်းက
-ဟေ့ ကောင် သုလင်း ငါတို့ ဟိုနေ့ က ကားဂိတ်ဘက် လျောက်သွားရအောင် ဆိုင်ကယ်မောင်းရင်း ပတ်ကြည့်ကြတာပေါ့
-အေးကောင်းသားပဲ သွားကြတာပေါ့
အားလုံးအတိုင်ဖောက် ညီစွာ ပင် ဘုရား မှ ပြန်ဆင်းခဲ့ပြီး ဆိုင်ကယ် ဖြင့်ပဲခူးမြို့တွင် လည်ပတ်ခြင်း ခရီးစဉ် စ လိုက်ကြတော့သည်။
ကိုစိုင်းရဲ့ သွားချင်စိတ်က ဘယ်က နေ ဘယ်လို ဖြစ်လာခဲ့သည်မသိရပေမယ့် ကိုစိုင်း အတွက် မမျော်လင့်သော အရာတစ်ခုဖြစ်ပေါ်လာစေခဲ့သည်။ မေ့မေ့ပျောက်ပျောက် ဖြစ်နေသော တစ်စုံတစ်ယောက်ကို မမျော်လင့်ပဲ မမျော်လင့်သော နေရာမှာ ပြန်လည်တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
သူကတော့…………ရဲယူနီဖောင်းနဲ့ အင်မတန် လိုက်ဖက် ခန့်ငြားလှသော သီဟကို ပင်။
စိုင်းနေလင်းတ
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment