I Like You , Do You Know That ?
Chinese BL Series ကို ကြိုက်နှစ်သက်သူတွေအတွက် BL ဇာတ်လမ်းကောင်းလေး တစ်ပုဒ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ် ။ ဒါကတော့ 2016 ခုနှစ်ကမှ လတ်လတ်ဆတ်ဆတ်ထွက်ရှိထားတဲ့ အချစ်ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ် ။
ဒီဇာတ်လမ်းလေးမှာတော့ မိခင်ဖြစ်သူကို စိတ်နာနေပြီး မိမိကိုယ်ကိုယ် မသဲကွဲတဲ့ ကလေးဆန်ဆန် ကုမ္ပဏီ ဥက္ကဌ လေးရယ် ရုပ်သံဌာန တစ်ခုမှာ အစီအစဉ်တင်ဆက်သူ ကောင်လေးတစ်ယောက်ရဲ့ ကြားက ဆက်ဆံရေးလေးကို တင်ပြပေးထားတာဖြစ်ပါတယ် ။
ကုမ္ပဏီပိုင်ရှင်ကောင်လေးဟာ အစီအစဉ် တင်ဆက်သူကောင်လေးအပေါ် မှီခိုပါတယ် ။ အကြံဥာဏ်တွေ , Plan တွေတောင်းခံလေ့ရှိပါတယ် ။ ဒါပေမယ့် အစီအစဉ် တင်ဆက်သူကောင်လေးက သူ့အပေါ်မှီခိုတာကို ပျော်ရွှင်နေခဲ့ပါတယ် ။ အစီအစဉ် တင်ဆက်သူကောင်လေးဟာ ကုမ္ပဏီပိုင်ရှင် ကောင်လေးကို ချစ်ကြောင်း ဖွင့်ပြောထားပေမယ့် ကုမ္ပဏီပိုင်ရှင်ကောင်လေးက မသေချာလို့ မဖြေခဲ့ပါဘူး ။ သူကတော့ သစ္စာရှိရှိစောင့်နေခဲ့ပါတယ် ။
တစ်နေ့မှာ ကံကြမ္မာဆိုးဝင်လာပါတယ် ။ ငွေကြေးမက်မောတဲ့ ကောင်မလေးတစ်ယောက်က ကုမ္ပဏီပိုင်ရှင် ကောင်လေးရဲ့ အားနည်းချက်ကို အကျပ်ကိုင်ပြီး သူ့ကို လက်ထပ်ခိုင်းပါတယ် ။ ဒါကို ဖြေရှင်းရင်းကောင်မလေးတစ်ယောက်နဲ့ မတော်တဆ သတင်းထွက်သွားတဲ့အခါ အစီအစဉ် တင်ဆက်သူကောင်လေးက ရင်ဖွင့်ပါတယ် ။
" ငါကြောက်တယ် ~~
ငါ သူမကို ကြောက်တယ် ~~
မင်း က ငါ့ရဲ့ဘဝထဲကနေ တဖြေးဖြေးဝေးကွာနေပြီ ~~
သူမ က မင်းဘဝထဲ တဖြေးဖြေးဝင်ရောက်လာပြီ ~~
မင်းသူ့ကို ချစ်မိသွားမှာကြောက်တယ် ~~
မင်းငါ့ကို တစ်သက်လုံးထားသွားမှာကြောင်တယ် ~~
ငါသူကို မုန်းတယ် ~~ ●●
မင်းသူနဲ့ လက်ထပ်ဖြစ်ရင်တောင် ~~
ငါ မင်းအတွက် ပျော်ရွှင်စွာ ပြုံးပြမှာပါ ~~
ဒါပေမယ့် ~~ လက်တွေ့မှာ လုပ်နိုင်မယ် မထင်ဘူး ~~
ငါတကယ် မလုပ်နိုင်ဘူး ~~ "
အဆုံးသတ်မှာ သူတို့ ၂ ယောက် ပေါင်းရမှာလား ? ဝေးရမှာလား ? အရမ်းကောင်းတဲ့ ဇာတ်လမ်းလေးပါ ။
●•● အခမဲ့ ကြည့်ရှုရန်
Facebook တွင်ကြည့်ရှုရန် Gay Drama Bank ဆိုတဲ့ Page ကို Like လုပ်ထားပြီး ကြည့်နိုင်ပါတယ် ။
0 comments:
Post a Comment