ကျွန်တော် Bisexual

written;  Mone  Kar Yan

ကျွန်တော် Bisexual
* * * * * * * * * * *

"နင်ပြောချင်တဲ့ အဓိပ္ပာယ်ကို ငါနားမလည်ဘူး  ဘုန်းခန့်"

သူမထံက တုန့်ပြန်သံက အနည်းငယ် အက်ကွဲသံပါနေသည်။
သူမကျွန်တော့်ကို ဘယ်လိုမျက်လုံးမျိုးကိုကြည့်နေမလဲ။ အစိမ်းလိုက် စုတ်ဖြဲပစ်ချင်လောက်အောင် ခါးခါးသီးသီးမုန်းနေသောမျက်ဝန်းတွေနဲ့လား။ ကျွန်တော့်ကို ချစ်မိတဲ့အတွက် သူမကိုယ်သူမ နောင်တရမိသလိုကျွန်တော့်ကို လှောင်ပြောင်သရော် မယ့်မျက်ဝန်းတွေနဲ့လား။ သူမကျွန်တော့်ကိုအကြည့်တစ်မျိုးနဲ့ ကြည့်နေတာတော့သေချာပါရဲ့။ သို့သော် ထို အကြည့်များကို ကျွန်တော် မျက်နှာချင်းမဆိုင်ဝံ့ပါ။ ထို့ကြောင့် ကျွန်တော် ဟိုး  ခပ်လှမ်းလှမ်းဆီမှ စိမ်းညို့ညို့ ကုက္ကိုပင် တန်းကြီးဆီသို့သာ အကြည့်တို့ပို့ထားလိုက်မိသည်။
အချိန်အတန်ကြာ ထိ သူမ နှင့်ကျွန်တော့်ကြားတွင် တိတ်ဆိတ်မှုက လွှမ်းခြုံထားလျက်။
ကျွန်တော်သူမ အား အနည်းငယ် ဆိုရုံလေး စောင်းငဲ့ ကြည့်မိလိုက်သည်။ သူ မ ………သူမလည်း အဓိပ္ပာယ်မဲ့စွာ ကန်ရေပြင်အလယ်မှ ကန်လယ် ဘုရားလေးအား ငေးစိုက် နေသည်ကိုမြင်လိုက်ရသည်။
ကျွန်တော်သူမ ကိုသာဆက်ငေးနေမိလျက်။

"နင်……နင်   ခုနပြောတဲ့အတိုင်းဆို  နင်ဘယ်သူ့ကိုမဆိုချစ်နေနိုင်တာပဲ။ ငါတို့အချစ်တစ်ခုကို ဆက်လက်ခိုင်မြဲမနေစေချင်ဘူးလား"

သူမကျွန်တော့် ဘက် လှည့်မကြည့်ပဲ ဘုရားလေးအား ငေးလျက်မှသာ မေးလိုက်ခြင်းဖြစ်သည်။

ကျွန်တော်ဘယ်လို ဖြေရပါ့မလဲ။ ကျွန်တော် သူမကိုချစ်သည်။ သို့သော် သူမ မဟုတ်သော ကောင်လေး တစ်ယောက်ကိုလည်း ချစ်သည်။
ကျွန်တော်   ခုချိန်မှာ  နှလုံးသားနဲ့ ဆုံးဖြတ်ရမှာလား။ ဦးဏှောက်နဲ့ဆုံးဖြတ်သင့်သလား။ 
ကျွန်တော် မဝေခွဲနိုင်ပါဘူး။ ဟုတ်တယ် ကျွန်တော်ဝေခွဲ မရတော့ဘူး။ ကျွန်တော် စဉ်းစားစရာတွေ တွေးတောစရာတွေနဲ့ဝေးရာကိုပဲ ထွက်ပြေးသွားချင်တော့တယ်။
          
                                    *   *   * 



ကျွန်တော့် ရင်ထဲ ကဒွိဟ တစ်ခုကို တစ်ကယ်ဆို ကျွန်တော်သူမရှေ့မှာဝန်မခံခဲ့သင့်ဘူး။

" သက်လျာ  ငါ ………ငါ ………ငါ့ကိုယ်ငါ မသုံးသတ်တတ်တော့ဘူး  ငါလေ……ငါ  ယောက်ျားလေးတစ်ယောက်ကို နင့်ကို ချစ်သလို ချစ်မိနေခဲ့တယ်"

"ဘာ နင်က  မထင်ရဘူးနော်  ဟား………ဟား………"

သူမ ကျွန်တော့်စကားကို သူမ အားစသည်နောက်သည်အထင်နှင့် သူမပါ လိုက်လှောင်ခဲ့သေးသည်။

"ငါ တကယ်ပြောနေတာသက်လျာ"

"ကဲ……… ဘုန်းရယ်  တော်ပါတော့ နောက်တာ ရပ်တော့"

"မဟူတ်ဘူး သက်လျာ  မဟုတ်ဘူး  ငါ အတည်ပြောနေတာ။ ငါသူ့ကို နင့်ကို ချစ်သလို မျိုးကို ချစ်မိတာ။ နင်ငါ့နားမှာရှိရင် ငါ့ရင်တွေဖိုလာရသလို သူ ငါနှဲုရှိချိန်တိုင်းလဲ ငါ ရင်တွေ အရမ်းခုန်……"

"တော်တော့ ဘုန်း ………"

သူမကျွန်တော်စကားပင် ဆုံးအောင်မစောင့်တော့ ပါ စိတ်တိုလွန်းသောကြောင့် ဖြစ်ပေါ်လာသည် ထင်ရသော ကျွန်တော်တစ်ခါမှ မကြားဖူးသည့် ခက်ထန်မှု ရှိသည့် အသံမျိုးဖြင့် အော်လိုက်သည်။  သူမ ကပဲဆက်ကာ

"နင် ခုပြောနေတာ အမှန်တွေလား"

ကျွန်တော် မငြင်းလိုပါ။ ကျွန်တော်  သိပ်ချစ်ရပါသော သူမ ကိုမညာလိုပါ။
ကျွန်တော် ခေါင်းကို ခပ်လေးလေးတစ်ချက် ငြိမ့်ပြရင်း
"ဟုတ်တယ် သက်လျာ   ငါ………ငါလေ"

သူမ ကျွန်တော့်ကို ဆက်မပြောနဲ့တော့ လို့ အဓိပ္ပာယ် သက်ရောက်သည့်အမူအရာ အဖြစ် လက်ကာ ပြကာ စကားရပ်ခိုင်းလိုက်သည်။
သူမအကြည့်တွေကကျွန်တော့် ဆီမှ  ညိုပြာပြာ ကောင်းကင်ထက်ရောက်သွားသည်။ သူမငေးစိုက်ကြည့်နေသည်။ ကောင်းကင်ထက် ငှက်တစ်အုပ်ဖြတ်သန်းပျံလွှားသွားသည်။ တိမ်စိုင်တို့တရွေ့ရွေ့ လွင့်နေသည်။ဝါကျင့်ကျင့် နေလုံးကြီးက အနောက်ဘက်တောင်တန်း ဆီသို့ ကွယ်လျိုးမပျောက်ကွယ်ခင် နီ စိုစို အလင်းတန်းဖြင့် လက်ပြနှုတ် နေသည်။ သူမ ကြည့်နေသည်။ သူမ ကြည့်နေစဲ ။ အချိန်အတော်ကြာသည် ထိပင်။

"နင်ပြောချင်တဲ့ အဓိပ္ပာယ်ကို ငါနားမလည်ဘူး  ဘုန်းခန့်"

"နင်……နင်   ခုနပြောတဲ့အတိုင်းဆို  နင်ဘယ်သူ့ကိုမဆိုချစ်နေနိုင်တာပဲ။ ငါတို့အချစ်တစ်ခုကို ဆက်လက်ခိုင်မြဲမနေစေချင်ဘူးလား"

ကျွန်တော်နဲ့ သူမ ရဲ့ စကားသံတို့ ထို နေရာမှာတင်အဆုံးသတ်ပစ်လိုက်ကြသည်။ သူမလည်း ကျွန်တော့်ကိုမေးခွန်းဆက်မထုတ်တော့သလို ကျွန်တော်လည်း သူမ မေးလက်စမေးခွန်းအားအဖြေပြန်မပေးမိလိုက်ပါ။

ဟုတ်ပါတယ် ။ ချစ်သူမိန်းကလေးတစ်ယောက်ရှိရက်နဲ့ နောက်ထပ် ယောက်ျားလေးတစ်ယောက်ကို ချစ် မိသူပါ။ ထိုကောင်လေးကိုထပ်ချစ်မိသော်လည်း ကျွန်တော်သူမကို အရမ်းချစ်နေဆဲပါ။
ကျွန်တော် ခြောက်နေလို့လည်းမဟုတ်ပါဘူး။ ကျွန်တော့် စိတ်ကျွန်တော်သိသည် ကျွန်တော်နည်းနည်းလေးမှ မခြောက်ပါ။ ကျွန်တော် ယောက်ျားတစ်ယောက်ကိုကြိုက်မိသည်ကလွဲ၍နည်းနည်းလေးမှ  ယောက်ျားမပီသမှုမရှိခဲ့ပါ။

ကျွန်တော် သူမကို ဖွင့်ပြောပြမိသည့်နေ့မှစကာ ကျွန်တော်သူမအားအဆက်သွယ်မလုပ်မိတော့ပါ။
ကျွန်တော်သူမအားမဆက်သွယ်ရဲတော့သည်လည်း ဖြစ်နိုင်ပါသည်။
သူမလည်းကျွန်တော့်အားလုံးဝ မဆက်သွယ်လာပါ။ သူမကျွန်တော့်ကို မုန်းနေပါလိမ့်မည်။ ခါးခါးသီးသီးပင် မုန်းမိပါလိမ့်မည်။ အနည်းဆုံးတော့ သူမ ကျွန်တော့်ကို ရွံ့ရှာနေမိလိမ့်မည်။
သို့သော် ကျွန်တော် သူမ ဘက်ကပြုမူသမျှကို အပြစ်ဒဏ် ဆပ်သူအဖြစ်နဲ့ ကျေနပ်စွာခံယူပါမည်။
သို့သော် ကျွန်တော်သူမကို ချစ်နေဆဲပါ။

                             *   *   *

လက်ရှိကျွန်တော့်ရဲ့ ချစ်သူကတော့ "ဇွဲ" ပေါ့။ ကျွန်တော် ချစ်မိခဲ့တဲ့ "ဇွဲ"ပါ။ "ဇွဲ"က အနည်းငယ် အမူအရာအားဖြင့်မိန်းမဆန်သော်လည်း  အများအားဖြင့်တော့ ယောက်ျားဆန်သူတစ်ယောက်ပါ။ အပြောအဆို အနေအထိုင် အဝတ်အဆင်က အစယောက်ျားဆန်သည်။
"ဇွဲ"လည်း ကျွန်တော့်လို ယောက်ျားချင်း ချစ်မိသူ တစ်ယောက်ဖြစ်၍ သူကျွန်တော့်ကို ပြန်ချစ်ခဲ့ခြင်းသာဖြစ်သည်။ သို့သော် "ဇွဲ"သည် မိန်းကလေး ချစ်သူ ထားချင်သူမဟုတ်ကြောင်းကျွန်တော်သိခဲ့ရသည်။ သူ့ စိတ်ဝင်စားမှု သူ့ရင်ခုန်သံသည် ယောက်ျားချင်းချင်းပေါ်၌သာ ဖြစ်ပေါ်သည်ဟု သူကျွန်တော့်ကို ပြောပြသည်။

"ဒါဆိုကျွန်တော်ကရော ကျွန်တော်က ဘာလို့ ယောက်ျားချင်းရော မိန်းမ ကိုရော ချစ်ချင်ရတာလဲ"
"တဏှာရမ္မက်ကြောင့်လား"။ ကျွန်တော့်တဏှာ ရမ္မက်မီးက ယောက်ျားမိန်းမမခွဲခြားနိုင်အောင်ပဲလား?။မဟုတ်ရပါ ကျွန်တော် ချစ်သူ ကို တဏှာ စိတ်ဖြင့် ချစ်သူမဟုတ်ပါ။ ချစ်သူကို ရင်ခုန် သံဖြင့် သာ ချစ်ခြင်းဖြစ်သည်။
"ဒါဆိုဘာကြောင့်လဲ………? "
ကျွန်တော်ကိုယ်တိုင် မသိပါ။
"ဇွဲ"ကကျွန်တော့်ကို ချစ်သည်။ အလွန်ဂရုစိုက်သည်။ သူအနားမှာရှိနေရင်  မိန်းကလေးတစ်ယောက်လို တပျစ်တောက်တောက်ပြောကာ ကျွန်တော့်အားဆိုးတတ် ချွဲတတ်သည်။ထို့ကြောင့်လည်း ကျွန်တော် သူ့အပေါ်သို့ သံယောဇဉ်  တိုးလာရခြင်းဖြစ်မည်။

ကျွန်တော်သက်လျာကို ချစ်နေမိစဲပါ။
ဇွဲကိုလည်း ချစ်လျက်ပါ။
သက်လျာနှင့်ထပ်တူ ဇွဲကိုချစ်ပါသည်။
ဇွဲနှင့်သက်လျာအား ထပ်တူမြတ်နိုးတန်ဖိုးထားပါသည်။

                                *   *   *


မိန်းမတစ်ယောက်ကို စွန့်ပယ်ပြီး ယောက်ျားတစ်ယောက်နဲ့ ချစ်သူဆက်ဖြစ်နေခဲ့ရသော ကျွန်တော့်ပေါ်တွင်ပတ်ဝန်းကျင်၏ ပုတ်ခတ်မှု လှိုင်းက အရှိန်ပြင်းသထက်ပြင်းလာခဲ့သည်။
ကျွန်တော့်အပေါင်းအသင်း မိတ်ဆွေတို့က အစ ကျွန်တော့်ကိုရှောင်ကြဉ်လာကြသည်။
ကျွန်တော့်ကို ရွံတာလား ။ ကျွန်တော်နှင့်အပေါင်းသင်းဖြစ်ရမှာ ရှက်တာလား  ဆိုတာတော့ သူတို့ကိုယ်တိုင်သာ သေချာသိပေလိမ့်မည်။
ကျွန်တော် ယောက်ျားချင်းချစ် ခဲ့တာ ကိုယ့်ကိုယ်ကိုယ် ရွံစရာလို့တခါမှ မတွေးဖူးပါ။ ကိုယ့်ကိုယ်ကိုယ်လည်းမရှက်ဖူးပါ။
ကျွန်တော့်ကိုယ်ကိုယ် ငါဘာလို့ ယောက်ျားချင်းချစ်မိရတာလဲ ဆိုတဲ့ မေးခွန်းမေးမိရုံလောက်သာရှိပါသည်။
အဖြေကတော့ အချစ်ဆိုတာ အချစ်ပါပဲ။ အချစ်မှာ မျက်စိမရှိလို့ ယောက်ျားမိန်းမ မခွဲ ခြား ခဲ့တာပါ။
ရင်ခုန်သံမှာ ယောက်ျားမှ မိန်းမမှ ဆိုတဲ့ ပညပ်ချက်တွေ ကန့်သတ်ချက်တွေ မထားရှိထားလို့ပါ။

ဟုတ်ကဲ့ ကျွန်တော် ယောက်ျားချင်းရော မိန်းမ ကို ပါ ချစ်တတ်သူ တစ်ယောက်ပါ။

>>>>>>>>>>>>> ကျေးဇူးတင်ပါသည်။ <<<<<<<<<<<

                                                  Mone Kar Yan



SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

Gay Adult Movies Store

Gay Adult Movies Store
Gay Movies များဝယ်ယူနိုင်ပါသည် ။