.....{အဖြူရောင် ပုံပြင် }........
.......
.......စ/ဆုံး [၀တ္ထုရှည်]
....နက်ရှိုင်းတဲ့တောအုပ်ကြီးတခုမှာ..
ရောင်စဉ် ..ပြေးနေရသည်....သူအရမ်းလဲမောပန်းနွမ်းနယ်
လှပါပြီ..ရောင်စဥ့်နောက်ကလိုက်နေတဲ့လူတစုမျက်ခြေပျက်
ပြီး ကျန်ခဲ့ပေမယ့်.....အသားစားဖို့မာန်ဖီနေတဲ့ တောခွေးအတွေက. ရောင်စဥ့်ကိုစားတော့ဝါးတော့မလို
အပြေးလိုက်လာကြသည်....ရောင်စဥ့်ရဲ့ခြေဖ၀ါးနုနုတွေ
အခုတော့သွေးခြည်တွေဥလို့ ..အရင်ကရောင်စဉ် မြေကြီးနဲ့
ခြေဖ၀ါးတော်ရုံထိတွေ့ရသည်မဟုတ်..အခုတော့......
ငရဲခန်းရောက်လာတဲ့ငရဲသားတယောက်ကို ငရဲခွေးတွေ
လိုက်သလို ရောင်စဥ့်နောက်ကိုခွေး အ.တွေသရေတများများနဲ့
လိုက်လာကြပြီ....ဖိနပ်မပါတော့ တောထဲမှာအလေ့ကျပေါက်နေတဲ့ဆူးပင်တွေက....
ရောင်စဥ့်ဒုက္ခကိုပိုပြီးကြီးထွားစေသည်....`` အား !!!´´
လူတကိုယ်လုံး လေထဲရောက်သွားသလိုခံစားရသည်..
မြင့်ရာကနေ နိမ့်ရာနေရာတခုကိုကျမှန်းရောင်စဉ်သိလိုက်သည်
ပီးတော့ ..ရောင်စဉ်ဘာမှမသိတော့ ..သေချာတာတခုကတော့...ရောင်စဉ်လောကကြီးနဲ့ ခနတာအဆက်ပျက်သွားပါပြီ.............
.........
.....`` မလာနဲ့.! ငါ့နားကိုမလာနဲ့ ...ထွက်သွား.....!!
ထွက်သွား...!!!...
....ရောင်ရမ်းပြီးအော်သံတွေနဲ့အတူ..ရောင်စဉ် မျက်လုံးပွင့်
လာသည်.....
..ငါ.ငါ..ဘယ်ရောက်နေတာလဲ ..မနေ့ကသူတောထဲမှာ
ပြေးရင်းလွှားရင်း ..ချိုင့်တခုထဲပြုတ်ကျသွားတာကလွဲလို့
ဘာဆိုဘာမှမသိတော့ ဒါကကော ဘယ်နေရာပါလိမ့်...
မနေ့ကရောင်ကိုင်းနေတဲ့သူ့ခြေထောက်တွေ ဒီနေ့တော့ နဲနဲ
သက်သာနေသည်......ဒါပေမယ့် သူအိမ်ကြီးတလုံးထဲရောက်နေတာတော့သိသည်...
အိမ်ကြီးပုံစံက အရင်ကတော့ထည်ဝါခမ်းနားတဲ့ သူဌေးသူကြွယ်တွေနေခဲ့တဲ့ပုံပါပဲ...သူရောက်နေတာကလဲ..
နှစ်ယောက်အိပ်ကျွန်းကုတင်ကြီးပေါ်မှာ...
ရောင်စဉ်ကုတင်ပေါ်ကထလာခဲ့ပြီးအခန်းတံခါးကို...
ဖွင့်လိုက်သည်......
....``အမေ့..´´...ရုတ်တရက်
အခန်းတံခါးမှာရပ်နေတဲ့သူက်ုမြင်ပီးရောင်စဉ်လန့်ပြီးအော်မိသည်..သူ့ပုံစံကလဲ လန့်စရာ အသားညိုညို အရပ်အမောင်း
ကတော့ ရောင်စဥ့်ထက်အများကြီးသာသည်...
မုတ်ဆိတ်မွေးထူလပြစ်..ဆံပင်ကလဲ မဖီးမသင်.မညှပ်ထားတော့..တော်တော်ကြည့်ရဆိုးသည်.......
မျက်ခုံးမွေး ထူထူနဲ့. မျက်လုံးကနဲနဲမှေးချင်သည်....
....``ခ..ခများဘသူလဲ´´........
သူထစ်ထစ်ငေါ့ငေါ့မေးမိသည်.....
အဲ့ဒီလူကြီးကသူ့ကိုတချက်စောင်းကြည့်ပီး.....
``အဲ့ဒါမင်းကိုမေးရမှာ´´ ..သူ့အသံက ပြက်သားလွန်းသည်
ရောင်စဉ် ဘာကြောင့်မှန်းမသိအဲ့ဒီလူကြီးကိုအမြင်ကတ်သွားသည်...
``ကျုပ်ဘာမှမမှတ်မိဘူး..´´...သူရွဲ့ပြီးပြောလိုက်သည်...
``မင်းနာမည်က ? ´´......``ရောင်စဉ်ဖြူ ´´.....
``နာမည်ကျတော့ဘာလို့မှတ်မိနေတာလဲ ´´...သူ့ကိုဘုဆက်
ဆက်ပြန်မေမးသည်....``သိဘူး´´...
..``ငါ့ကိုရွဲ့နေတာလား ´´....သူ့ကိုအသံမာမာနဲ့မေးတော့
ရောင်စဉ်နဲနဲတွန့်သွားသည်......ဘလိုလူကြီးလဲ..
ဆက်ဆံရေးကလဲ ညံ့လိုက်တာ.. ...
`` ရော့.မနတ်စာ ´´ ....သူ့ကို ချို့င်တလုံးကမ်းပေးသည်...
ရောင်စဉ်ဗိုက်လဲအတော်ဆာနေတာနဲ့ဟန်မဆောင်နိုင်ဘဲ
သူ့ရှေ့မှာတင်ချိုင့်ကိုဖွင့်လိုက်သည်...``.ဟင်..ဒါ ဒါ...
ဘာသားတွေလဲ...´´...``ယုန်သား..´´...``ဘာ ´´
သူ့ကိုတချက်ကြည့်သည်...`` ဘာလဲ.မစားဘူးလား
ဒီမှာစားစရာအဲ့ဒါပဲရှိတယ် မစားချင်လွင့်ပစ်လိုက်..´´....
``မစားချင်တာမဟုတ်ပါဘူး ကျုပ်က ဗိုက်စာနေတာ ဒါပေမယ့်
ယုန်လေးကိုသနားလို့ .´´ ..``မသနားနဲ့အသက်မရှိတော့ဘူး
စားစရာရှိတာမြန်မြန်စား..´´ ..ရောင်စဉ် ယုန်သားမီးကင်ကို
အားရပါးရစားပစ်လိုက်သည်.....``မင်းအ၀တ်စားတွေပေနေပီ ...အဲ့ဒီအခန်းထဲကဗီရိုထဲမှာ
အ၀တ်စားတွေရှိတယ်..ယူဝတ်..ရေချိုးချင်ရင် အိမ်အနောက်
ဘက်မှာ ရေကန်ရှိတယ် ´´...
အဲ့ဒီလူကြီးက သူ့ကိုပြောစရာရှိတာပြောပြီး ထွက်သွားသည်.
`` ဒီမှာ. ဒီမှာ.´´....``ဘာလဲ ´´..
``ခများနာမည်ဘလိုခေါ်လဲ ´´.....``မင်းသိစရာမလိုပါဘူး´´
ကြည် ..့ပြောပုံဆိုပုံကို အဲ့ဒါကြောင့် ရောင်စဉ်အမြင်ကတ်တာ
............
ရောင်စဉ်တကိုယ်လုံးညစ်ပတ်နေသည် .ရေချိုးချင်တာနဲ့..
အဲ့ဒီလူကြီးပြောတဲ့ ရေကန်ဘက်ကိုထွက်လာခဲ့သည်....
ဟင်..ရေကူးကန်လဲမဟုတ်ပါလား....သဘာဝဖြစ်နေတဲ့ကန်တကန်.ငါ့ကိုပြောတော့
ရေကူးကန်လိုလိုဘာလိုလိုနဲ့.တော်တော် အကြွားထူတဲ့သူ
...ရောင်စဉ်စိတ်ထဲကရေရွတ်လိုက်ပီး ရေထဲဆင်းလိုက်သည်
..ဟူး....အခုမှပဲလန်းဆန်းသွားတော့တယ်.......။
အဲ့ဒီရေကန်က ဆန်းရေထွက်နေပုံရသည်..ရေကလဲကြည်
နက်ကလဲနတ်သည်..ရောင်စဉ်..ရေတော့ကူးတတ်ပါတယ်
ကျွမ်းကျွမ်းကျင်ကျင်တော့မဟုတ်ပါဘူး..
ရောင်စဉ်အရဲစွန့်ပြီး ရေကန်တဖက်ကို ကူးကြည့်လိုက်သည်.
ဒါပေမယ့် ရောင်စဉ်ထင်သလို ဟိုဘက်ထိမရောက်ဘဲ
ကန်အလယ်လောက်မှာ လက်ပန်းကျပြီးမကူးနိုင်တော့..
မနေ့ကပင်ပန်းနေတဲ့အရှိန်ကြောင့် လက်တွေကိုက်နေတော့
ရောင်စဉ်ရေနစ်သလိုဖြစ်နေသည် ကျိုးစားပြီးကူးကြည့်သည်
ဟိုဘက်ကိုမရောက်....ဘုရား.ဘုရား..သူတကယ်ရေနစ်ပါ
ပြီ ....တဖြည်းဖြည်း ရောင်စဉ် ရေမွမ်းလာသည်....။
``၀ူး..ဖူး......!! ဟိုလူကြီး...ဖူး..!!..လာ..လာကယ်ပါ
ဖူး...ဖူး....´´....
ရောင်စဉ်...လက်ယက်ပြီးလှမ်းခေါ်ကြည့်သည်......။
ဒီတခါတော့ရောင်စဉ် ကိုယ့်ကိုကို..သေပြီလို့တွက်ထားလိုက်သည်......
အဲ့ဒီအချိန်မှာပဲ .``၀ုန်း ´´ ဆိုတဲ့အသံနဲ့အတူ..ဟိုလူကြီး.
ရေထဲကိုဒိုင်ပင်ထိုးပြီးရောင်စဥ့်ကိုလာကယ်သည်..
ရောင်စဉ်လဲ ကြောက်အားလန့်အား နဲ့. ဟိုလူကြီးကို တင်းနေအောင်ဖတ်ထားလိုက်သည်.....။
.......
ရောင်စဥ့်ရဲ့မျက်နှာက အဲ့ဒီလူကြီး္ဓုရင်ဘက်မှာကပ်လျှက်
ရောင်စဥ့်ရဲ့လက်တွေကလဲ အဲ့ဒီလူကြီးကိုတင်းနေအောင်
ဖတ်ထားသည်..ရောင်စဉ်ကြောက်လဲကြောက်ရင်ထဲမှာလဲ
တမျိုးကြီးခံစားရသည်.
...``ဒီမှာ ချာတိတ်ငါ့ကိုလွှတ်အုံး ´´....
သူပြောမှရောင်စဉ်သတိဝင်ပြီး..``ခများကိုလဲ ဖတ်ချင်လွန်းလို့
ဖတ်ထားတာမဟုတ်ပါဘူး ´´...ဘုဆက်ဆက်ပြန်ပြောလိုက်
သည်.....``ရေမကူးတတ်ပဲ ဘာလို့ကူးရတာလဲ ကို့အန္တရာယ်
ကိုသိမှပေါ့.´´...`` ဘာလို့မကူးတတ်ရမှာလဲ ..ကျုပ်ကချန်ပီယံဆုရထားတာဗျ မနေ့က
ပြေးရင်းလွှားရင်း လက်တွေညောင်းကိုက်နေလို့ ´´.....``ဟုတ်လိမ့်မယ် ပုံစံကိုက´´.
အဲ့ဒီလူကြီးထသွားတော့...``ဒီမှာ ဒီမှာ..´´
``ဘာလဲ´´.....``ခများနာမည်ပြောခဲ့အုံး´´..
``မြတ်သိင်္ခ´´...ပြောပြီးလှည့်ထွက်သွားသည်...
``ဒီမှာ ဒီမှာ ´´....သူပြန်လှည့်ကြည့်သည် ``ကျေးဇူးပဲ´´
မြတ်သိင်္ခဆိုတဲ့လူကြီးဘာမှမပြောဘဲထွက်သွားတယ်..
ဘာပဲဖြစ်ဖြစ် သူ့အသက်ကိုအဲ့ဒီလူကြီးကယ်ခဲ့တာ
ဒါနဲ့ဆို နှစ်ခါရှိပီ.......ရောင်စဉ်ကျေးဇူးတင်မိသည်....။
........
.........ရောင်စဉ်အခန်းထဲပြန်ရောက်တော့..အ၀တ်ဗီရို
တခုကိုဖွင့်လိုက်သည်...အ၀တ်တွေကတော့အများကြီးပါပဲ
အ၀တ်တွေက အဲ့ဒီလူကြီးရဲ့အ၀တ်တွေတော့မဖြစ်နိုင်..
ဒါပေမယ့် သူငယ်ငယ်က၀တ်ခဲ့တာတွေလဲဖြစ်မှာပေါ့...
ဗီရိုအပေါ်ဆုံးထပ်မှာတော့ သေတ္တာအသေးလေးတလုံး..
ရောင်စဉ်သေတ္တာလေးကိုဖွင့်ကြည့်လိုက်တော့ အဖြူရောင်
အကျီနဲ့အဖြူရောင်ဘောင်းဘီရှည်...
..လှလိုက်တဲ့အင်္ကျီနဲ့ဘောင်းဘီ ရောင်စဉ်ဘာမှမစဉ်းစားတော့
ပဲ ၀တ်ကြည့်လိုက်သည်...သူနဲ့ဆိုအတော်ပဲ..လိုက်လဲလိုက်
ပါတယ်..ပီးတော့သူမှန်ရှေ့မှာခါးထောက်ပီးကြည့်လိုက်သည်.
ရောင်စဉ်က အသားဖြူဖြူ အရပ်ရှည်ပါတယ် ဒါပေမယ့်
ဟိုလူကြီးကိုတော့ ရောင်စဉ် မော့ကြည့်ရသည်......
ရောင်စဉ် မျက်ဝန်းကျယ်တယ် မျက်ခုံးတန်းရှည်ရှည်နှုတ်ခမ်း
ပါးပါး နဲ့ ရောင်စဉ်က ကိုးရီးယားမင်းသားတယောက်လို
မိန်းမချောချောသူဖြစ်သည်....
......ရုတ်တရက် မှန်ထဲကနေဟိုလူကြီး ပုံပေါ်လာသည်..
ရောင်စဉ်သူ့ဘက်လှည့်ပြီး .`` ဦးမြတ်သိင်္ခ ကျုပ်နဲ့လိုက်လား´´
သူအဲ့လူကြီးမျက်လုံးကိုကြည့်လိုက်တော့သူ့မျက်ဝန်းက
မီးဝင်းဝင်းတောက်နေသည်....``အခု.အဲ့ဒီအင်္ကျီကိုချွတ် တခြားအင်္ကျီတွေမင်းကြိုက်သလောက်ဝတ် အဲ့ဒီအင်္ကျီကိုတော့ငါပေးမ၀တ်ဘူး´´
``ဟာ..ဘာလို့လဲ ခန၀တ်တာပဲ ခများပဲယူဝတ်ဆိုချွတ်ပူး´´
ရောင်စဉ်နှုတ်ခမ်းစူပြီးပြောလိုက်တော့ အဲ့ဒီလူကြီးက ဒေါသတွေအရမ်းထွက်ပြီး ..``ချွတ်ဆိုချွတ်ကွာ..´´...
ရောင်စဥ့်ကိုယ်ပေါ်ကအင်္ကျီကိုသူအတင်းချွတ်သည်...
မရတော့ ရောင်စဥ့်ကိုကုတင်ပေါ်တွမ်းလှဲပီး .ချွတ်ဖို့ကြိုးစားသည်....ရောင်စဉ်လဲစိတ်တိုပြီး...
သူ့ကိုတွန်းပြစ်လိုက်သည်.....``ဒီမှာ.ဒီအင်္ကျီလေးတထည်နဲ့
ဒီလောက် ဖြစ်ဖို့လိုလား မ၀တ်ဖူးခများအဲ့လောက်တွန့်တိုနေရင်
အခုချွတ်ပေးမယ်´´...ရောင်စဉ် ပြောပြောဆိုဆို အင်္ကျီကိုချွတ်ချလိုက်သည်.ပီးတော့ဘောင်းဘီကိုလဲချွတ်ချ
လိုက်သည်...ရောင်စဥ့်ကိုယ်မှာ အတွင်းခံဘောင်းဘီလေးတခုပဲကျန်တော့သည်....
ဟိုလူကြီးသူ့ကိုကြောင်ကြည့်နေသည်...
`` ဘာကြည့်နေတာလဲ .ရော.ခများအင်္ကျီ´´..
သူအင်္ကျီနဲ့ဘောင်းဘီကို ဟိုလူကြီးလက်ထဲကိုစောင့်ပြီးထဲ့
လိုက်သည်....``မင်းအိမ်ကိုမင်းဘယ်နေ့ပြန်မှာလဲ ´´...
``ဘာလဲခများက မကူညီချင်တော့ဘူးလား ကျုပ်မှာပြန်စရာ
အိမ်မရှိလို့ခနနေနေတာဗျ ခများအဲ့လောက်ထိ မနှင်ချင်ပါနဲ့´´
သူဝမ်းနည်းသလိုဘာလိုလိုနဲ့ပြောလိုက်သည်...
``ငါမင်းကိုနှင်ထုပ်နေတာမဟုတ်ဘူး..မင်းအိမ်က စိတ်ပူနေမှာ
စိုးလို့ပြောနေတာ ´´.....
.``.ကျုပ်ကိုစိတ်ပူမယ့်သူမရှိဘူး´´.....သူ.ဘုဆက်ဆက်
ပြောလိုက်သည်....``ပြီးရော ....အခုအဲ့ဒီဗီရိုထဲက ကြိုက်တဲ့
အင်္ကျီဝတ်လို့ရပီ´´...ပြောပြီးချင်းထွက်သွားသည်...
``မ၀တ်ဖူး ဒီအတိုင်းပဲနေမယ် ´´.....
ရောင်စဉ်ရွဲ့ပြီးလှမ်းအော်လိုက်သည်.......
ဒီလူကြီးတယ်လဲနားလည်ရခတ်ပါလား..လူပုံစံက ညှင်းသိုးသိုးနဲ့. ဂျစ်တီးဂျစ်ကန်.........
ရောင်စဉ် ဗီရိုထဲက အင်္ကျီတထည်ကိုယူပြီးဝတ်လိုက်သည်
ပြီးတော့ ခြံထဲခနဆင်းလာခဲ့တယ်...အိမ်ကြီးက တောလည်ခေါင်မှာမဟုတ်ပေမယ့် တောစပ်ကျသည် အိမ်ကြီး
ရဲ့အနောက်ဘက်မှာ တောအုပ်ကြီးရှိပါတယ်....
ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီလောက်လှတဲ့ အိမ်ကြီးကို ဒီလို
တောစပ်နားမှာဆောက်ထားရတာလဲ...အခုတော့အိမ်ကြီးက
ဂရုမစိုက်ဘဲထားလို့လားမသိဘူး..ရှုတ်ပွခြောက်သွေ့နေသည်
........
ဟင် ဟိုလူကြီးပါလား..သူဘာလုပ်မလို့လဲ........အော် ..ရေကန်နားမှာဆိုတော့ရေချိုးဖို့ဖြစ်မှာပေါ့....
သူကြည့်နေတုံးမှာပဲ အဲ့လူကြီးက အင်္ကျီကိုချွတ်ချလိုက်သည်
ဝိုး......အရမ်းမိုက်တဲ့ခန္ဓာကိုယ်ပါလား
ဖုထစ်နေတဲ့ကြွက်သားတွေက ရောင်စဥ့်ရင်ကိုလှုပ်ခတ် စေ
သည် ..ကြည့်ကောင်းကောင်းနဲ့ကြည့်နေတာ ခနနေတော့
ဟိုလူကြီးက ဘောင်းဘီကိုချွတ်ချလိုက်သည် ..ရောင်စဉ်
ရောင်ရမ်းပြီး မျက်နှာလွှဲလိုက်သည်......တော်တော်မရှက်
တတ်တဲ့သူကြီးပဲ....ရောင်စဉ် အိမ်ပေါ်ပြေးတတ်ခဲ့သည်
သူ့ဘ၀မှာ ယောက်ျားတယောက်ကို ကိုယ်လုံးတီးမြင်လိုက်ရတာပထမဦးဆုံးဖြစ်သည်...
ရင်ထဲမှာလဲတလှပ်လှပ်နဲ့ ဟူး.....ငါဘာဖြစ်သွားတာလဲ.....
.
.......
...ရောင်စဉ် အိမ်ကြီးကိုရောက်တာသုံးပါတ်ရှိပါပြီ...
အခုထိတော့ ဟိုလူကြီးက ရောင်စဥ့်ကိုနှင်မထုပ်သေး
ရောင်စဉ် ဒီမှာအကြာကြီးနေတာကလဲ အကြောင်းရှိပါတယ်..
တနေ့ရောင်စဉ် ဟိုကြည့်ဒီကြည့်နဲ့.
အိမ်ကြီးအပေါ်ထပ်ကိုရောက်ခဲ့သည်.....
အပေါ်ထပ် အခန်းတခန်း ရောက်တော့...နဲနဲထူးဆန်းနေသည်...ဘာလို့လဲဆိုတော့
ဒီအခန်းက တခြားအခန်းတွေလိုမဟုတ်ပဲ..လှလှပပပြုလုပ်
ထားသည်......
..ရောင်စဉ် အခန်းတံခါးကိုတွန်းဖွင့်လိုက်ချိန်...
``ရောင်စဉ်ဖြူ !!!!´´...
အိုး......ဟိုလူကြီးရဲ့ ကြယ်လောင်တဲ့အော်သံကြောင့်
ရောင်စဉ် လန့်သွားသည်....``မင်းအဲ့ဒီအခန်းတံခါးကို
လက်ဖျားနဲ့တောင်မထိနဲ့.´´......`` လုပ်ပြန်ပီ ခများဘာလို့
အဲ့လောက်တွန့်တိုတတ်တာလဲ ဒီအခန်းကို ဖွင့်တော့်ကော
ဘာဖြစ်လဲ ´´ ရောင်စဉ်ပြောပြောဆိုဆို အခန်းတံခါးကိုဖွင့်လိုက်သည်...``မင်း..မင်းမဖွင့်နဲ့ဆို
ကဲကွာ !!´´``ခွပ်´´...အား !.....ရောင်စဥ့်နှုတ်ခမ်းစွန်းတဖက်မီးစနဲ့ထိုးလိုက်သလိုပူထူသွား
သည်....နှုတ်ခမ်းကလဲကွဲပီး ..သွေးစတွေထွက်လာသည်..
``မင်းအခု ငါ့အိမ်ကထွက်သွား....သွား!!..´´...
ရောင်စဉ် မျက်ရည်ဝဲတတ်လာသည် ..ရောင်စဥ့်ကိုဆို..
ဘာလို့ခါးသီးနေရတာလဲ .``မနေဘူး ခများနှင်ထုပ်စရာမလို
ဘူး ကျုပ်ထွက်သွားမှာပါ..ခများကအတ္တကြီးတဲ့သူပဲ´´
ရောင်စဉ် အခန်းထဲပြန်ဝင်ပြီး...သူရောက်စက ၀တ်လာတဲ့အင်္ကျီကိုပြန်ဝတ်ပြီး အိမ်ပေါ်က ဆင်းလာခဲ့သည်..
.``.မင်းဘယ်ကိုသွားမှာလဲ ´´....အပေါက်ဝကနေသူ့ကိုမေး
တော့ ``ခများသိဖို့မလိုပါဘူး ကျုပ်ဟာကျုပ်ဘယ်သွားသွား´´
ပြောပြီး ရောင်စဉ်ထွက်လာခဲ့သည် ဒါပေမယ့် ရောင်စဉ်
ဘယ်ကိုသွားရမလဲမသိ..ခြေထောက်မှာလဲဖိနပ်ကမပါ
ရောင်စဉ် မျက်ရည်မကျအောင်ထိန်းထားတဲ့ကြားက
မျက်ရည်ကကျလာသေးသည်...မကျဘူး..ခများကြောင့်
ကျုပ်ဘယ်တော့မှ မျက်ရည်မကျဘူး...ရောင်စဉ်
နှုတ်ခမ်းကိုဖိကိုက်ပြီး တောလမ်းအတိုင်းလျှောက်လာခဲ့သည်
.........
.............ဖိနပ်မပါတော့ဆူးဒဏ်ကိုအရင်ခံစားရသည်...
ဘယ်အထိလျောက်လာမိသည်မသိ တနေရာရောက်တော့...
`` ဟာ..ဟိုမှာ ဟိုမှာ ရောင်စဉ်ဖြူ..လိုက်ဟေ့ လိုက်.´´....
အသံကြားရာကို လှည့်ကြည့်လိုက်တော့.. ဟင်..ဟို.ဟိုလူတွေပါလား...ဒီတခါအမိခံလို့်မဖြစ်....ဒီတခါဆို ..
မိမိသေဖို့ပဲရှိသည်.....ရောင်စဉ် အားကုန်သုံးပြီး ပြေးမိသည်.............ရောင်စဥ့်ခြေထောက်မှာ လဲဆူးတွေဗလပွနဲ့..
..တနေရာရောက်တော့ ....``အား...´´....သစ်ပင်ကွယ်ရာ
ကနေမိမိကိုစောင့်ဆွဲလိုက်တာကြောင့် ကြောက်အားလန့်အားနဲ့
အော်မိသည်....``ဟင်..ဦးမြတ်သိင်္ခ.. ´´......``ရှူး...´´
တိတ်တိတ်နေဖို့ပြောသည်....``တော်ပါ ခများနှင်ထုပ်ပြီး ခုမ
ဖယ် .ကျုပ်ကိုလွှတ်...သေပေ့စေ´´........`` မင်း..စေတနာ
ကို.မစော်ကားနဲ့..´´.....
........`` ဟိုမှာ.ဟိုမှာ..´´...လူတယောက်ကသူတို့နှစ်ယောက်ကိုမြင်သွားပြီး သူ့လူတွေကို
လှမ်းခေါ်သည်.......``မင်းဒီမှာပဲနေခဲ့´´.....``ခများ..
ဖြစ်ပါ့မလား ´´ သူစိုးရိမ်တကြီးမေးမိသည်....ဟိုလူကြီးက
တော့ သူ့ကိုဘာမှပြန်မပြောဘဲ..ရောင်စဥ့်ကိုလိုက်နေတဲ့ လူ
တွေရှိရာကို လျောက်သွားသည်....ဟိုလူအုပ်စုက..
ငါးယောက်လောက်ရှိသည်.....ရောင်စဉ်လဲအနီးနားမှာ
ရိုက်စရာ စခုခုများရှိမလားလို့ လိုက်ရှာမိသည်.........
ခနနေတော့... ဟိုဘက်က.သက်ပုတ်သံတွေကြားနေရသည်
ရောင်စဉ် ဟိုလူကြီးအတွက်စိတ်ပူုပြီး ..အနီးက တွေ့တဲ့
ဒုတ်တချောင်းကို ကောက်ကိုင်ပြီး ...မြတ်သိင်္ခနားကိုတိုးသွားလိုက်သည်.......
``ရား.....ကဲကွာ .....ခွပ်.!......အင့်..!!...´´...
အသံတွေနဲ့အတူ တဖက်လူတွေလဲသွားသည်...
ရောင်စဉ်လဲ အနီးရှိတဲ့ သူတယောက်ကို လက်ထဲကဒုတ်နဲ့ထု
ချလိုက်သည် ...``.......´´.....ဖြစ်ချင်တော့ ဒုတ်က
ဆွေးနေတဲ့ဒုတ်ဖြစ်နေသည်......ရောင်စဉ်ရိုက်လိုက်တဲ့သူက
ခါးထဲကဓားကိုထုပ်ပြီးရောင်စဥ့်ကို ၀င်ထိုးသည်...ထိုစဉ် ခွပ်!
အား...!! အသံနဲ့အတူ လူဆိုးကြီးလဲကျသွားသည်.....
``ဟင်..ဦးမြတ်သိင်္ခ ခများ လက်မောင်းမှာ သွေးတွေ..´´
.......လူဆိုးတွေလဲအကုန်လုံးအတုံးအရုံးလဲကုန်ကြပြီ...
``ကိစ္စမရှိပါဘူး လာမြန်မြန် ..အိမ်ကိုသွားမယ်..´´...
.....ဒီလိုနဲ့ ရောင်စဉ် ဒုတိယအကြိမ်...အိမ်ကြီးကို
ပြန်ရောက်လာခဲ့ပါတော့သည်......
....ဒီတခါတော့ရောင်စဉ် ဟိုလူကြီးကို ဆေးထဲ့ပေးရသည်..
ဒဏ်ရာက နဲနဲကြီးသည်...`` ခများ.ဘာလို့ ကျုပ်နောက်ကို
လိုက်လာတာလဲ .´´...ဟိုလူကြီးခနငြိမ်နေပီးတော့...
``ငါမသိဘူး..´´...ကြည့်.ပြောပုံ..ရောင်စဉ်ပြုံးမိသည် ...
``မင်းနောက်ကို ဘာလို့ အဲ့ဒီလူတွေက လိုက်နေတာလဲ´´
..
..`` ဖြစ်ပုံက ရိုးရှင်းပါတယ် ကျုပ်အဖေက ချမ်းသာတယ်.
အဖေ့ဆီက ပိုက်ဆံညှစ်ချင်လို့ ကျုပ်ကိုပြန်ပေးဆွဲကြတာ..
ဟိုတခေါက်က ကျုပ်သူတို့လက်ထဲက ထွက်ပြေးလာတာ´´
..........
ရောင်စဉ် ဒီကိုရောက်လာပုံကို အသေးစိတ် ပြောပြလိုက်သည်
`` ခများအကြောင်းကော မပြောပြတော့ဘူးလား´´.....
မေးလိုက်တော့ သူမျက်နှာ ညှိုးသွားသည်....ရောင်စဉ်..
ချက်ချင်း ``ကဲပါမပြောချင်လဲခနနားလိုက်အုံး မိုးချုပ်တော့မယ်´´. ..
....
.....
....ရောင်စဉ် ..အိပ်မပျော် ...အိပ်ရာထဲလူးလှိမ့်ရင်း.
မြတ်သိင်္ခ အကြောင်းစဉ်းစားနေမိသည်...ဒီလူကြီးက..
မှန်းဆရခတ်သည်..ရောင်စဥ့်အသက်က ၂၁.နှစ် ဒီလူကြီးက
ရောင်စဥ့်ထက် ငါးနှစ်လောက်ကြီးမယ့်ပုံပါ....
လူက ဂျွတ်ဆက်ဆက်ပေမယ့် ရောင်စဉ်ဒုက္ခနဲ့ကြုံတိုင်း..
သူရောက်ရောက်လာတာကိုတော့ ရောင်စဉ်ကျေနပ်မိသည်..
ရောင်စဉ် ...ခြံထဲ လမ်းဆင်းလျောက်ဖို့ .အခန်းထဲကထွက်တော့..မြတ်သိင်္ခအခန်းထဲက ညီးသံသဲ့သဲ့
ကြားလို့ သူအခန်းထဲဝင်သွားတော့..ဟင်...သူညီးနေတာပဲ
ရောင်စဉ် သူ့နဖူးကိုစမ်းကြည့်တော့ ကိုယ်တွေက ခြစ်ခြစ်တောက်ပူနေသည်..လက်က ဓားဒဏ်ရာကြောင့်
အဖျားဝင်တာဖြစ်မည်....ရောင်စဉ်
ဇလုံထဲရေထဲ့ အ၀တ်တခုယူပြီး သူ့ကိုရေဖက် တိုက်ပေးဖို့
မြတ်သိင်္ခကိုယ်ပေါ်ကအ၀တ်တွေကို ချွတ်လိုက်သည်....
အ၀တ်ကိုရေထဲစိမ်ပီး ..သူ့ကိုယ်အနှံ့ ပွတ်ပေးလိုက်သည်..
ပြီးတော့ သူ့နဖူးပေါ်မှာလဲ ရေအ၀တ်လေးတင်ပေးထားလိုက်
သည်........ရောင်စဉ်..သူ့မျက်နှာကိုအနီးကပ်ကြည့်လိုက်သည်..သူ့ပုံစံက လူချော
တယောက်ဖြစ်မယ့်ပုံပါ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးတွေဖယ်
လိုက်ရင်..တကယ်ခန့်ညားတဲ့သူတယောက်ဖြစ်မှာပါ..
ရောင်စဉ် စိတ်ကူးမိပြီး....သူ့ရေချိုးခန်းထဲဝင်ကြည့်လိုက်တော့ ..မုတ်ဆိတ်ရိတ်ဓားတွေ့
တာနဲ့ ...မြတ်သိင်္ခအိပ်နေစဉ်..မုတ်ဆိတ်မွေး နှုတ်ခမ်းမွေးတွေကို ..ရိတ်ပစ်လိုက်သည်......
မထင်မှတ်ထားလောက်အောင်..အံ့သြမိသည်..ဒီလောက်
ယောက်ျားပီသပြီး ချောမောတဲ့ မြတ်သိင်္ခ ...
သူဘာလို့ ဒီလိုဖြစ်ကတတ်ဆန်းနေရတာလဲ ....သူစဉ်းစား
နေမိသည်.......ပြီးတော့သူ..မြတ်သိင်္ခမျက်နှာနားကိုကပ်
လိုက်သည်...
.....အို့.......ရုတ်တရက် အိပ်ပျော်နေတဲ့မြတ်သိင်္ခ....
ရောင်စဥ့်ကိုဖတ်လိုက်သည်...ပါးစပ်ကလဲ...``ဖြူလေး..
ဖြူးလေး ..ကို့်ကိုခွဲမသွားပါနဲ့တော့နော်..ဖြူလေးကို.
ကိုကိုစောင့်နေတာ ငါးနှစ်တောင်ရှိပီ..ဖြူလေးကို့ကိုထားမသွား
ပါနဲ့နော်..´´..ပါးစပ်ကလဲကရောင်ကတမ်းနဲ့ အော်နေသည်..
မျက်ရည်တွေလဲကျလို့...
..ရောင်စဉ်..အံသြမိသည်..သူယောင်လိုက်တဲ့နာမည်က
ဖြူလေးတဲ့...ဖြူလေးဆိုတာအဲ့ဒီလူကြီးရဲ့ချစ်သူလား....
နောက်ပြီးငါးနှစ်တောင်ရှိပီတဲ့.....ရောင်စဉ်မစဉ်းစားတတ်
တော့...
ရောင်စဥ့်ကိုလဲဖတ်ထားတာမလွှတ်သေး ရောင်စဉ်ရုံးကြည့်
သည်..မရ..ရောင်စဉ်လဲ ရင်တွေခုန်နေတာနဲ့ ခနငြိမ်နေလိုက်သည်.....တအောင့်ကြာမှ..သူ့ဆီက အသက်
ရူသံကြားရပြီး ရောင်စဥ့်ကိုဖတ်ထားတာလဲလွှတ်လိုက်သည်..
ရောင်စဉ် မျက်လုံးတချက် ဝေ့ကြည့်လိုက်တော့..
စာရေးစားပွဲပေါ်မှာ ဒိုင်ယာရီ စာအုပ်ကလေးတအုပ်..
ရေးလက်စ..ပဲရှိမယ်ထင်တယ် စာအုပ်ကိုလှန်ထားသည်..
......ဒိုင်ယာရီ စာအုပ်က အသစ်စက်စက်
....ရောင်စဉ် ပထမစာမျက်နှာကိုလှန်ကြည့်လိုက်သည်...
ရေးထားတဲ့စာတွေဖတ်ကြည့်လိုက်တော့......၊
.........
..................
...{ ကျွန်တော့ရဲ့ ဘဝသေသွားတာ ငါးနှစ်ရှိပါပြီ...
ဖြူလေးမရှိတော့ ကျွန်တော့ ဘဝကြီးတခုလုံးခြောက်သွေ့
သွားတယ်....ဒါပေမယ့် မကြာခင်ရက်ပိုင်းက...
ကျွန်တော့ဆီကို..ဖြူလေးနောက်တယောက်ရောက်လာတယ်
သူ့နာမည်က ရောင်စဉ်ဖြူတဲ့....}...
.....ရောင်စဉ် စာအုပ်ကိုခနပိတ်လိုက်သည်...
ဟင်....ငါ့အကြောင်းလဲရေးထားပါလား...ဖြူလေးနောက်
တယောက်တဲ့.....ရောင်စဉ် စာအုပ်ကိုလှန်ပြီးဆက်ဖတ်
လိုက်သည်......
.........
..........{.သူက ဖြူလေးနဲ့အရမ်းတူတယ်....
သူ့ကိုတောထဲမှာစတွေ့တုန်းက ကျွန်တော့ဖြူလေး..ကျွန်တော့
ဆီပြန်လာပြီလို့ ထင်မိတယ်...ဒါပေမယ့် သူကဖြူလေးမှ
မဟုတ်တာ...သူကခပ်ဆိုးဆိုးကောင်လေးတယောက်ပါ
ကျွန်တော် သူ့ကိုတွေ့တိုင်း ကျွန်တော့ ဖြူလေးကိုသတိရတယ်
.ကျွန်တော်စိတ်တွေကိုထိန်းချုပ်ခဲ့ရတယ် သူ့ကိုမြင်လို့..
ဖြစ်လာတဲ့ ကျွန်တော့ ရင်ခုန်သံတွေကို ကျွန်တော် ချိုးနှိမ်ခဲ့ရ
တယ်..သူကတော့သိမှာမဟုတ်ပါဘူး...ဒါပေမယ့်..
ကျွန်တော့ရဲ့မဆင်မခြင်ပြုမူမူ့ကြောင့်..သူကျွန်တော့ရဲ့ဘဝ
ထဲက ထွက်သွားတယ် ...ကျွန်တော့ရင်တွေပူပြီး.ကျန်ခဲ့ရ
တယ်.....ကျွန်တော်စိတ်မချဘူးသူ့ကိုလက်လွှတ်အဆုံးရှုံး
မခံချင်ဘူးလေ..}..
...
.......စာက ဒီမှာဆုံးသွားသည်..သူ..ရောင်စဥ့်နောက်ကို
မလိုက်လာခင်က ရေးခဲ့တာဖြစ်မယ်..
သူရောင်စဥ့်ကိုတွေ့ရင် ရင်တွေခုန်နေတယ်တဲ့...
ရောင်စဉ် ၀မ်းသာမိသည်...သူလဲ မြတ်သိင်္ခ နဲ့တွေ့တိုင်း
ရင်ထဲမှာတခုခုခံစားရတာမဟုတ်လား.....
သူ.ဖြူလေးဆိုတဲ့သူရဲ့အကြောင်းကိုသိချင်မိသည်...
သူမနတ်က ၀င်ခဲ့တဲ့အခန်းထဲမှာ အဖြေတခုတော့ရှိရမည်လို့
သူယုံကြည်မိသည်...ရောင်စဉ် ဘာမှမစဉ်းစားတော့ပဲ
အပေါ်ထပ်က. အခန်းရှိရာကိုတတ်လာခဲ့တော့သည်.....။
....
.......
......ရောင်စဉ်.တံခါးကိုဖွင့်လိုက်သည်...
အခန်းထဲမှာ မှောင်မနေ...ဖယောင်းတိုင်အကြီးကြီးတချို့
ထွန်းထားသည်...
ရောင်စဉ် ဖယောင်းတိုင်ကြီး တခုကိုယူလိုက်တယ်
ပြီးတော့ အခန်းထဲကိုဝေ့ကြည့်လိုက်သည်...
..ဟင်.......မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ..
ရောင်စဉ်အံသြသွားသည်.... လူငယ်နှစ်ယောက်တွဲရိုက်
ထားတဲ့ဓာတ်ပုံအကြီးကြီး...
ထူးဆန်းတာက အဲ့ဒီပုံထဲက အသက် ၂၀ ၀န်းကျင်ကောင်လေးတယောက်က ရောင်စဉ်နဲ့ ရုပ်ချင်းတူနေ
တာပါပဲ .....ချွတ်ဆွတ်ကြီးမတူပေမယ့် ရောင်စဉ်နဲ့တူတာ
တော့အမှန်ပါ. အဲ့ဒီလူငယ်က သူနဲ့ရွယ်တူ ခန့်ချောလူငယ်
တယောက်ပုခုံးကိုမှီထားတဲ့ပုံ ခန့်ချောလူငယ်ကတော့..
မြတ်သိင်္ခပဲဖြစ်မည်.နှစ်ယောက်စလုံးအင်္ကျီအဖြူရောင်တွေ
ဝတ်ဆင်ထားကြသည်ာ.....ဓာတ်ပုံရဲ့အောက်ဆုံးမှာလဲ
{အဖြုရောင်ပုံပြင်} ဆိုတဲ့စာတန်းလေးရေးထားသည်....အခန်းထောင့်တနေရာမှာတော့...
ရှည်မျောမျော အရာတခုကိုအ၀တ်နဲ့အုပ်ထားသည်...
ရောင်စဉ် အနားတိုးပြီး အ၀တ်ကိုဆွဲချလိုက်သည်..
...
.........``အမေ့!!!!..´´...ရောင်စဥ့်သွေးလည်ပတ်မူ့တွေ
ရပ်တန့်သွားသွားလောက်အောင် လန့်ပြီး.
ပါးစပ်က ကျယ်လောင်စွာအော်မိသည် ...
သူဖွင့်လိုက်တာ တခြားအရာမဟုတ်...
မှန်အခေါင်းတခုသာဖြစ်သည်....
ဘုရား..ဘုရား..ဒီလူပုံမှန်ကောဟုတ်ရဲ့လား.....
မှန်အခေါင်းထဲမှာ အလောင်းတလောင်က.လူတယောက် အိပ်နေသလိုပါပဲ...
ရောင်စဉ် ...အားတင်းပြီး အခေါင်းနားကိုကပ်ပြီး..
အလောင်းရဲ့မျက်နှာကို ဖယောင်းတိုင်မီးနဲ့ကြည့်လိုက်သည်..
...ဟင်...ဓာတ်ပုံထဲက လူငယ်..ဖြူလေးဆိုတာလား........
...ဟုတ်ပါတယ်....သေသွားတဲ့အလောင်းကို
မြေမြှုတ်သဂြိုလ်မူ့မလုပ်ပဲ ..ဆေးစိမ်ပြီးမှန်ခေါင်းထဲထည့်ထားတာဖြစ်သည်..
ဆေးအစွမ်းကြောင့်အလောင်းက မပုတ်မသိုးပဲ လူတယောက်
အိပ်နေသလိုပဲ.. မျက်နှာက သွေးမရှိတော့လို့ ဖြူဖပ်ဖြူရော်
ဖြစ်နေတာကလွဲလို့ သေသူရဲ့ မျက်နှာ လေးက အပြစ်ကင်းစင်
နေသည်......ဒါပေမယ့် ရောင်စဉ်အကြာကြီးမကြည့်ရဲ.
.....သူအလောင်းနားကခွာလိုက်ပီး.... စားပွဲပေါ်က
စာအုပ်အထပ်လိုက်ကြီးကို ကြည့်လိုက်သည်......
စာအုပ်ထပ်ကြီးရဲ့အောက်ဆုံးက ဒိုင်ယာရီစာအုပ်အဟောင်း
လေးတအုပ်ကို ဆွဲထုပ်လိုက်သည်....
ဒီစာအုပ်ထဲမှာ အဖြေတခုတော့ရှိရမည်....
သူဖယောင်းတိုင်နားကပ်ပြီး ဒိုင်ယာရီစာအုပ်ရဲ့ ပထမ
စာမျက်နှာကိုလှန်လိုက်သည်.......
..စာအုပ်ထဲက လက်ရေးဝိုင်းဝိုင်း လှလှလေးတွေကို
သူစတင်ဖတ်ရင်း မြတ်သိင်္ခရဲ့အတိတ်ဆီသို့စီးမျှောသွားပါ
တော့သည်....
{မြတ်သိင်္ခရဲ့အတိတ်ဆီသို့ }.......
.....
.........ကျွန်တော်မြတ်သိင်္ခ မိဘမဲ့တကောင်ကြွက်..
.. ကျွန်တော့မိဘတွေက ကျွန်တော့ကို တသက်
စားမကုန်တဲ့ ပိုင်ဆိုင်မူ့တွေနဲ့ လူ့လောကကြီးထဲမှာတယောက်
ထဲထားခဲ့တယ်....ဒါပေမယ့် ကျွန်တော်အထီးကျန်မနေပါဘူး
ဘာလို့လဲဆိုတော့ ကျွန်တော့မှာ ပိုးလုံးဖြူဆိုတဲ့ သိပ်ချစ်ရတဲ့
ချစ်သူတယောက်ရှိလို့ပါပဲ ပိုးလုံးဖြူ ဆိုတာ မိန်းကလေးမဟုတ်
..အချစ်ကဆန်းကြယ်တယ်ဗျ ပိုးလုံးဖြူ ဆိုတဲ့ အသက် ၂၀
အရွယ် ကောင်လေးတယောက်ကို မြတ်သိင်္ခဆိုတဲ့ကျွန်တော်
ချစ်နေတော့ တခြားသူတွေရဲ့အမြင်မှာ ဆန်းကြယ်နေမှာပေါ့
.ကျွန်တော်ဖြူလေးအိမ်ကို သူ့သူငယ်ချင်းအဖြစ်နဲ့ ဟန်ဆောင်ပြီး ၀င်ထွက်ခဲ့တယ် တံခါးမရှိဓားမရှိပေါ့...
ဒါပေမယ့် မိုးတွေရွာနေတဲ့တနေ့မှာ မိုးနဲ့အတူ ...
ကျွန်တော်တို့ချစ်သူနှစ်ဦးကြားကို မုန်တိုင်း.တခု ကျရောက်
လာပါတော့သည်...............``ကိုခ..တကိုယ်လုံးလဲ
ရွှဲနေတာပဲ ဘာလို့မိုးရွာကြီးထဲလာရတာလဲ ကားနဲ့လာတာလဲ
မဟုတ်ဖူး ´´..ဖြူလေးသူ့ကိုအပြစ်တင်သလိုပြောရင်း..
ရေဆိုနေတဲ့သူ့ရဲ့ခေါင်းကို အ၀တ်နဲ့သုတ်ပေးသည်...
ပြီးတော့အ၀တ်စားတွေလဲ လဲပေးသည်..``ကိုက ဖြူလေးကို
တနေ့မတွေ့ရရင်မနေနိုင်ဘူးလေ ´´..``သွားပါ အပိုတွေ..
ကိုခနော် ဖေဖေမေမေတို့ရှေ့မှာအနေထိုင်ဆင်ခြင်.....
မဟုတ်ရင်ုဖြူလေးတို့နှစ်ယောက်ဝေးရမှာ...´´....
``မရိပ်မိပါဘူးဖြူလေးရဲ့. .´´....``ဟာ ကိုခ.နော်ပြောလေကဲ
လေပါလား ´´.....ဖြူလေးပါးကို သူမရမက လိုက်နမ်းတော့
ဖြူလေး ရှက်နေသည်....
``အမလေး အမလေး..ဒါကဘလိုဖြစ်နေကြတာလဲ ´´...
``ဟင်..မေမေ..´´..``ဒေါ်ဒေါ် ´´...ဖြူလေးအမေရုတ်တရက် အခန်းထဲဝင်လာတော့ ဖြူလေးနဲ့
သူ့အခြေနေကိုရိပ်မိသွားသည်......
``ဒီမှာ မောင်မြတ်သိင်္ခ အန်တီတို့မင်းကို ခွင့်ပြုထားတာ သားရဲ့
သူငယ်ချင်းတယောက်အနေနဲ့နော် ..မင်းမှာက ရှက်ရမယ့်
မိဘမရှိတော့ဘူး အန်တီ့သားမှာက ရှက်ရမယ့် သူ့မိဘ နှစ်ပါး
လုံးရှိသေးတယ် ´´...
``တော်..တော်ပါတော့မေမေရယ် ကိုခန့်မှာ အပြစ်မရှိပါဘူး´´
``ပိုးလုံးဖြူ မင်းပါးစပ်ကိုပိတ်ထားစမ်း မေမေတို့မွေးထားတာ
သားယောက်ျားလေးဆိုတာကော မင်းသိရဲ့လား..´´..
အခြေနေတွေရှုပ်နေရတဲ့အထဲ ဖြူလေးအဖေကပါရောက်လာပြီးအခြေနေကိုသိသွားသည်..
``ငါတို့က ဒီမြို့မှာ အရှက်နဲ့လူလုပ်နေတာ မြတ်သိင်္ခ..
မင်းငါ့သားနဲ့ဝေးဝေးနေပါ....ပိုးလုံးဖြူ..မင်းကကော
အခြောက်လား .ဟင်...မင်းဘယ်တုန်းက အခြောက်
ဖြစ်သွားတာလဲ ´´...``ုဖြူလေးက အခြောက်မဟုတ်ဖူးအန်ကယ် ...အချစ်ဆိုတာ ´´..``တော်စမ်း !! ....ငါ့ရှေ့မှာ အချစ်ဋီကာတွေလာချဲ့ပြမနေနဲ့
ငါစိတ်မ၀င်စားဘူး´´....``ဒီမှာ မောင်မြတ်သိင်္ခ မင်းအခု
အန်တီတို့အိမ်က ဆင်းသွားပါ နောက်လဲ ဘယ်တော့မှ.
အန်တီ့သားနဲ့မပတ်သက်ပါနဲ့.´´....
....``သား ကိုခနဲ့မခွဲနိုင်ဘူးမေမေ...မေမေတို့သားကို
အခြောက်လို့ပဲပြောပြော ဂန်ဒူးလို့ပဲပြောပြော သားကတော့
ကိုခနဲ့မခွဲဘူး ´´ .ဖြူလေး သူ့လက်ကိုတင်းတင်းဆုပ်ကိုင်ပြီး
သူ့မိဘတွေကိုပြောလိုက်သည်.....
...``အော်...မင်းကပါ ဒီလောက်တောင်ဖြစ်နေမှတော့
လိုက်သွား သူနဲ့လိုက်သွား မနတ်ဖန် သတင်းစာထဲမှာ
မင်းဖတ်လိုက် မင်းကို သားအဖြစ်က အမွေပြတ်စွန်လွှတ်တယ်
ဆိုတဲ့သတင်းစာပါလာစေရမယ် ထွက်သွာ့းကြ´´...
ဖြူလေးအဖေ ဒေါသတကြီးနှင်ထုပ်သည်....
ဖြူလေးနဲ့ကျွန်တော် တယောက်လက်ကိုတယောက်မြဲမြဲကိုင်ရင်း
အိမ်ပေါ်ကဆင်းခဲ့တော့သည်....ကျွန်တော်ဆုံးဖြတ်လိုက်တာ
တခု....အဲ့ဒါကတော့ ဖြူလေးဘယ်တော့မှစိတ်မဆင်းရဲ
စေရဘူး...ဟုတ်တယ်...ဖြူလေးဘယ်တော့မှစိတ်မဆင်းရဲ
စေရဘူး...
.....
...ဖြူလေး သီတင်းစာတစောင်ကိုကြည့်ပီးမျက်ရည်ကျနေသည်....
သူ့မိဘတွေကသူ့ကို အမွေပြတ်သားအဖြစ်မှ စွန့်လွှတ်လိုက်ပြီ
တဲ့.....ကျွန်တော်ဖြူလေးပုခုံးကိုဖတ်ထားမိသည်......
ဖြူလေးအားငယ်နေတဲ့အချိန်တ်ုင်း ဖြူလေးအတွက်...
အားဆေးတခွက်ဖြစ်ချင်ခဲ့သည်...........
.......တနေ့ ဖြူလေး အပြင်ကိုလမ်းလျှောက်ထွက်သွားတယ်
ပြန်လာတော့ . မျက်နှာလေးညှိုးနေသည်.......
ကျွန်တော်စိုးရိမ်တကြီးမေးလိုက်သည်....``ဖြူလေး မျက်နှာလဲ မကောင်းပါလား ဘာဖြစ်လာတာလဲ ကိုကို့ကိုပြော
လေ ´´.....`` ကိုကို ဒီပတ်ဝန်းကျင်ကလူတွေက လိင်တူ
ပေါင်းသင်းတာကိုလက်မခံကြဘူး..ဖြူလေးကိုလဲ တွေ့တဲ့
သူတိုင်းက မေးငေါ့ပြီးတော့ ကဲ့ရဲ့ကြတယ် ဖြူလေးမှာ အဲ့ဒီ
လောကဓံတွေကိုခံနိုင်တဲ့အားအင်မရှိဘူးဖြစ်နေတယ်ကိုကို´´
.``ကဲပါဖြူလေးရယ် ပတ်ဝန်းကျင်ကိုဂရုစိုက်မနေနဲ့ ကိုကတိပေးတယ် မကြာခင်ဖြူလေးအဲ့ဒီကဲ့ရဲ့သံတွေနဲ့
ကင်းတဲ့နေရာမှာ ကိုကိုနဲ့အတူ အေးအေးချမ်းချမ်းနေရစေမယ်
ဟုတ်ပီလား.´´...ဖြူလေးအတွက် ကျွန်တော်စဉ်းစားထား
တာရှိပါ တယ်......ဖြူလေးအတွက် ငြိမ်းချမ်းမယ့်နေရာ
တခုပေါ့...............
.......
.....................
.........`` ကိုခ..ဘယ်သွားနေတာလဲ ..ဖြူလေးမျက်လုံးကိုကော ဘာလို့အ၀တ်နဲ့စည်းထားတာလဲ ´´
..``ဖြူလေးကလဲ ဟိုရောက်ရင်သိမှာပေါ့ ဖြူလေးအတွက်
အထူးစီစဉ်ထားတာ ´´....``တကယ်.´´...
``တကယ်ပေါ့.´´....အနတ်ရောင်ကားလေးပေါ်မှာ...
ကလေးလေး တယောက်လိုစကားတွေပြောလာတဲ့..
ဖြူလေးနဖူးကို ကျွန်တော်ဖွဖွလေးနမ်းလိုက်သည်...
.``ကဲ .ဖြူလေးရောက်ပီ ..ခနလေး.ကိုကိုတံခါးလာဖွင့်ပေးမယ် ´´..
.......
........ပီးတော့ ..ဖြူလေး မျက်လုံးမှာ စည်းထားတဲ့အ၀တ်ကို..ဖြေပေးလိုက်ပြီး....
``ကဲ ဖြူလေး မျက်လုံးဖွင့်လို့ ရပါပီဗျ ´´....
ဖြူလေး ဖြည်းဖြည်း ချင်းမျက်လုံးကိုဖွင့်လိုက်တော့...
ပါးစပ်ကလေးအဟောင်းသားနဲ့....`` ကိုကို ဒါ..ဒါက´´
``ဟုတ်တယ်ဖြူလေးရဲ့ ဖြူလေးနဲ့ ကိုကိုနေဖို့ မြို့ထဲကအိမ်ကို
ရောင်းပြီး ဒီလိုသူသူအရောက်နည်းတဲ့ နေရာမှာ ဆောက်ထား
တာ ဖြူလေးသဘောကျရဲ့လား ´´.....``အိမ်ကြီးက လှလိုက်တာ ကိုကိုရယ်....ကိုကို ဖြူလေးကို.အဲ့လောက်တောင် ချစ်တာလားကိုကိုရယ် ´´...
ဖြူလေး ၀မ်းသာပြီး မျက်ရည်ကျလာသည်..`` ဘာလို့မျက်ရည်
ကျတာလဲဖြူလေးရဲ့ ကိုကိုချစ်တာအဲ့ထက်တောင်ပိုပါသေး
တယ် ..ကဲ.လာ အိမ်ပေါ်သွားကြမယ် ´´
.....ဖြူလေးဒီအိမ်ရောက်ပြီး အရမ်းပျော်နေသည်...
ဒီအိမ်ကြီးမှာ ဖြူလေးရယ် မြတ်သိင်္ခရယ် အိမ်အလုပ်သမား
ကိုမင်းမင်းရယ် ကိုမင်းမင်းက သူ့ရဲ့လူယုံတယောက်ပေါ့..
....
........ဖြူလေးနဲ့သူနဲ့ ပျော်ပျော်ပါးပါး အချိန်တချို့ထိ ဖြတ်သန်းခဲ့ကြတယ်....
....တနေ့ ဖြူလေး ..ရေဆင်းကူးတယ် ရေကန်က သဘာဝ
ဖြစ်နေတဲ့ရေကန်ပါ ..ဖြူလေးရေကူးရင်းရေကန်တ၀က်မှာ
ရေနစ်နေသည်.....
.....ဒါကိုမင်းမင်းကတွေ့ပြီး ..ရေထဲဒိုင်ပင်ထိုးပြီး ...
ဆင်းကယ်လိုက်သည်....ဖြူလေးလဲ မင်းမင်းကို
မြတ်သိင်္ခအမှတ်နဲ့. ဖတ်ထားလိုက်သည်.......
.မြင်လိုက်ရတဲ့မြင်ကွင်း ကိုကြည့်ပြီး မြတ်သိင်္ခ ဒေါသထွက်
သွားသည် ....ပြီးတော့ဖြူလေးဆီကိုပြေးသွားပြီး..
``ဖြူလေး ဖြူလေး ဘာဖြစ်တာလဲ ´´........
``ဟင်..ကိုကို..´´အခုမှဖြူလေးလဲ မိမိဖတ်ထားတာ ကိုခမဟုတ်မှန်းသိလိုက်တော့ လက်ကိုလွှတ်လိုက်ပြီး..
``ဖြူ...ဖြူလေး ရေဆင်းကူးရင်းရေနစ်နေတာကိုကို..
ကိုမင်းမင်းရောက်လာပြီး ဆင်းကယ်ပေးတာပါ´´...
ဖြူလေးသူ့ကိုရှင်းပြနေသည်..
...``ကဲပါ လာလာ ဖြူလေး နောက်နေ့မှ ကိုကို ရေကူး
သင်ပေးမယ်နော် အိမ်ပေါ်သွားကြမယ် မင်းမင်း ဖြူလေး
ကိုကယ်ပေးတာကျေးဇူးပဲကွာ ´´...``ရပါတယ် ဆရာ ´´..
..........သူဖြူလေးကိုစကားမပြောတော့ ``ဖြူလေးက
ဖြူလေးကိုလာကယ်တာ ကိုကိုမှတ်လို့ဖတ်ထားတာ ကိုကို
အထင်မလွဲနဲ့နော် ´´...``မလွဲပါဘူးဖြူလေးရယ် စိတ်ထဲမထားပါနဲ့  ´´.....
နောက်နေ့တော ကျွန်တော် ဖြူလေးကို ရေကူးသင်ပေးခဲ့တယ်
ဖြူလေးကတော့ကလေးလေးတယောက်လို ပျော်ရွှင်နေသည်
.....
..............တနေ့...ဖြူလေး ...ခြံထဲဆင်းပြီး ..
သစ်ခွပန်းအိုးတွေကို အပင်တွေပေါ်မှာ လိုက်ချိတ်နေတာကို
ကျွန်တော် အိမ်ပေါ်က ကြည့်ရင်းပြုံးနေမိသည်..ဖြူလေးက
ပန်းအိုးတလုံးကိုကိုင်ရင်း....
..``ကိုမင်းမင်း ဒီကို ခနလာပါအူုံး ကျွန်တော် ဟိုပေါ်တတ်ဖို့
အောက်ကခုံကို ထိန်းထားပေး.ဟုတ်ပြီလား..´´....
.``ကျွန်တော်တတ်ပေးရမလား ´´....``ရတယ်ရတယ်
ဖြူလေးပဲတတ်လိုက်မယ် အောက်ကခုံသာ ကိုင်ထားပေး´´
...ဖြူလေး ပန်းအိုးချိတ်ပြီး ပြန်ဆင်းတော့ `` အမေ့ !!!..´´
ဖြူလေး ရုတ်တရက် ခုံပေါ်ကချော်ကျပြီး ...မင်းမင်းပေါ်ကို
ကျသွားသည် သူတို့နှစ်ယောက် စလုံးမြတ်ခင်းပေါ်မှာ
လဲနေသည် မင်းမင်းက အောက်က. ဖြူလေးကအပေါ်က
မင်းမင်းကလဲ ဖြူလေးကိုယ်ကိုမသိမသာဖတ်ထားသည်..
.ကျွန်တော်အဲ့ဒီမြင်ကွင်းကိုကြည့်ပြီး ``တောက် !...´´
သူ့ရင်တွေပူနေခဲ့သည်.....အခန်းထဲပြန်ဝင်ပြီး တံခါးကို
စောင့်ပြီး ပိတ်လိုက်သည် ...ဒုန်း !!....
..ခနနေတော့ ဖြူလေးဝင်လာပြီး ...``ကိုကို ..ကိုကိုဘာတွေ
စိတ်တိုနေတာလဲ ဟင် ....´´....``မင်းနဲ့ဟိုကောင်ကို
ကြည့်မရလို့ .နားလည်လား ´´..သူဖြူလေးကို အော်လိုက်သည်.....``မဟုတ်ဖူးကိုကို ..ကိုကိုထင်သလို
မဟုတ်ဖူး ´´....``မသိဘူးကွာ ´´...ကျွန်တော်တဖက်ကို
မျက်နှာလွှဲထားလိုက်သည်...``ဒီမှာ ကိုကို ´´....
သူ ကြည့်လိုက်တော့...ဖြူလေး သူ့လက်ကို အနားမှာရှိတဲ့ ဓားနဲ့လှီးလိုက်သည်..``ဖြူလေး ဖြူလေးဒါဘာ
လုပ်တာလဲ ´´....လက်ကသွေးတွေထွက်လာတာ အများကြီး
``ကိုကို ဖြူလေးကိုယုံအောင်ဖြူလေးသက်သေပြလိုက်တာ..
တလောကလုံးက ဖြူလေးကိုမယုံရင်နေပါစေ ကိုကို..
ကိုကိုတယောက်ကတော့ ဖြူလေးကိုယုံကြည်ပေးပါနော် ´´
ဖြူလေးကလေးတယောက်လို ငိုပြီးပြောသည်....
``ဖြူလေးရယ် ..ကိုကို တောင်းပန်ပါတယ်နော် ..ကိုကို.
ဖြူလေးကိုမယုံတာမဟုတ်ပါဘူး..ကိုကို သ၀န်တိုမိသွားတာပါ
အဲ့ဒါလဲုဖြူလေးကို အရမ်းချစ်လို့ဖြစ်သွားတာပါဖြူလေးရယ်
ကိုကို့်ကိုခွင့်လွှတ်ပါကွာ´´.....
သူဖြူလေးကို သနားလဲသနား ချစ်လဲချစ်သည်....
နောက်သူဘယ်တော့မှ ဖြူလေးစိတ်ဆင်းရဲအောင်မလုပ်တော့
ဘူးလို့ဆုံးဖြတ်လိုက်သည်
......
...``ဖြူလေး .´´....``ကိုကိုပြောလေ ´´....
ဒီနေ့ဘာနေ့လဲသိလား `` ဒီနေ့ ကြာသပတေးနေ့လေ´´...
`` ဖြူလေးကလဲ ကို့မွေးနေ့တောင် ကိုမမှတ်မိဘူးလား ´´
``အော်..ဟုတ်သားပဲ ဖြူလေးမေ့နေတာ ..ကိုကိုသတိရနေ
တယ်နော် အဲ့ဒါကြောင့် ကိုကို့ကို ဖြူလေး ချစ်နေတာဗျ ´´
.ပြောရင်းရဲ့ ကျွန်တော့်ပါးကိုလာနမ်းတဲ့ဖြူလေးကို..
ဖတ်ထားရင်း....``ဖြူလေးရဲ့မွေးနေ့မှာ ကိုကို စီစဉ်ထားတာရှိတယ် ´´...``ကိုကိုက ဘာစီစဉ်ထားတာလဲ ´´
``ကဲနောက်မှမေး ရော့ဒီအင်္ကျီလေးဝတ်ပြီးလာခဲ့ ဓာတ်ပုံရိုက်
ရအောင်...´´...``ဟာ.အင်္ကျီလေးက လှလိုက်တာ ´´..
``အဲ့ဒါ ကိုကို ဖြူလေးအတွက် နိုင်ငံခြားက မှာထားတာ ´´
ဖြူလေး အခန်းထဲဝင်သွားပြီး .အင်္ကျီလဲလာသည်....
အင်္ကျီက ဖြူလေးနဲ့အရမ်းလိုက်သည်....
``ကိုကို ဖြူလေးနဲ့လိုက်လား´´.....
ကျွန်တော် အဲ့ဒီနေ့က အသက်ရူမှားလောက်အောင် ဖြူလေးကို
ငေးကြည့်နေမိသည် ဒီနေ့ဖြူလေး ကျွန်တော့မျက်စိထဲမှာ
အရမ်းကို ချောမောနေသည်....``ကိုကို ..ဘာလို့ကြောင်ကြည့်နေတာလဲ မလိုက်လို့လား ´´
..``မဟုတ်ပါဘူး ဖြူးလေးရဲ့ ဖြူလေးကအရမ်းချောတော့
ကိုကိုအသက်ရှူရပ်သွားတာ ဟဲဟဲ´´..``ကိုကိုကတော့ပိုပြီ´´
``ကဲ ကိုကိုလဲ အင်္ကျီလဲလိုက်အုံးမယ် .´´....ကျွန်တော်လဲ
ဖြူလေးနဲ့အင်္ကျီဆင်တူ အဖြူရောင် ကိုဝတ်လိုက်သည်....
``၀ါး ...ကိုကို့အင်္ကျီက ဖြူလေးအင်္ကျီနဲ့ဆင်တူလေးပဲ
ကိုကိုနဲ့လဲအရမ်းလိုက်တယ် ဒီနေ့ ဖြူလေးအရမ်းပျော်တာပဲ
သိလားကိုကို ´´....ဖြူလေးတကယ်ပျော်နေတာသူသိပါတယ်
``ကိုကိုက ဘာလို့အင်္ကျီအဖြူရောင်အင်္ကျီဝတ်ပြီးဓာတ်ပုံရိုက်
ချင်တာလဲ ´´ .....``ကိုကို တို့နှစ်ယောက် ဒီအိမ်ကြီးမှာ..
ပုံပြင်တပုဒ်ရှိခဲ့တယ် အရမ်းကိုပျော်စရာကောင်းပြီး
အရမ်းကိုဖြူစင်တဲ့ပုံပြင်ပေါ့ ..´´.....``အဲ့ဒါဆိုအဲ့ဒီပုံပြင်ကို
အဖြူရောင်ပုံပြင် လို့ နာမည်ပေးလိုက်မယ်ကိုကို ´´....
``ကိုကိုတို့ဓာတ်ပုံရိုက်ပြီးရင် ပုံ.အကြီးကြီး ကူးလိုက်မယ်..
နောက်ပြီး ဓာတ်ပုံအောက်မှာလဲ အဖြူရောင်ပုံပြင် လို့ စာရေး
ခဲ့မယ်...´´.....`` ကိုကိုက အရမ်းကဗျာဆန်တာပဲနော်´´
ကင်မရာကို ချိန်ပြီး နှစ်ယောက်သားနေရာယူလိုက်သည်..
ဖြူလေးက ကျွန်တော့ ပုခုံးပေါ်မှာခေါင်းလေးမှီလို့...
ကျွန်တော်ကလဲ ဖြူလေးခါးကိုဖတ်ထားတယ် နှစ်ယောက်စလုံး
ရဲ့ နှုတ်ခမ်းမှာလဲ ဟန်ဆောင်မူ့မပါတဲ့အပြုံးတွေနဲ့ပေါ့....
``ကဲ ဖြူလေး ကိုကို ဓာတ်ပုံသွားကူးအုံးမယ် ´´..``ဖြူလေးလဲ
လိုက်မယ်ကိုကို ´´..``ဖြူလေးလိုက်လို့မရဘူးလေ ကိုကိုက
ဖြူလေးကို အံသြသွားအောင်လုပ်ရအုံးမယ် နေခဲ့နော် ´´..
``အင်းပါ ကိုကိုမြန်မြန်တော့ပြန်လာနော် ´´....ဖြူလေးကျွန်တော့ပါးပြင်ကိုလာနမ်းသည် အဲ့ဒီအနမ်းက
ကျွန်တော့အတွက်နောက်ဆုံးအနမ်းဖြစ်ခဲ့မယ်လို့ကျွန်တော်
တကယ်မသိခဲ့ပါဘူး.....
ကျွန်တော်ကားမောင်းပြီး ထွက်သွားခဲ့သည်.....
ဖြူလေးကျွန်တော့ကိုစောင့်နေသည် အဲ့ဒီနေ့က ကျွန်တော်
ဓာတ်ပုံကူးတာကြာနေတာနဲ့နောက်ကျနေတယ်....
ဖြူလေးကတော့ အခန်းထဲမှာတယောက်ထဲ ....ထိုစဉ်
မင်းမင်းအခန်းထဲဝင်လာသည်...``ကိုမင်းမင်း ဘာပြောချင်
လို့လဲဗျ ´´....မင်းမင်းကဖြူလေးထက် ရှစ်နှစ်လောက်အသက်ကြီးသည်...``ကျွန်တော်တောင်းဆိုစရာ ရှိလို့ပါ .´´...`` ဘာလဲ လစာ
တိုးပေးဖို့လား ဖြူလေးကိုကို့ကိုပြောပေးမယ်လေ ´´
``လစာကိစ္စမဟုတ်ပါဘူး .´´..``ဟင် ဒါဆိုဘာကိစ္စလဲ ´´
``ကျွန်တော် ဖြူလေးကိုချစ်တယ် ဖြူလေးနဲအတူတူအိပ်ချင်
တယ်ခွင့်ပြုပါနော် ´´....ပြောရင်းဆိုရင်းနဲ့ ဖြူလေးကိုလာဖတ်
သည် ..``ကိုမင်းမင်း ခများဒါဘာလုပ်တာလဲ အခုလွှတ်စမ်း
ကိုကိုပြန်လာရင်ခများအသက်ခံရမှာနော် ´´....``သက်လဲသက်ပစေ ကို ဖြူလေးကိုအရမ်းချစ်နေပီကွာ..´´
မင်းမင်းက အသင့်ယူလာတဲ့ကြိုးတွေနဲ့ ဖြူလေးလက်ကို
ကုတင်မှာ ကပ်ခြည်လိုက်သည်..ဖြူလေးထက်ခွန်အားဗလ
ကြီးသူဆိုတော့ ဖြူလေးရုံန်းလို့်မရ ဖြူလေးအားကိုးတကြီးနဲ့
ကိုကို့ကိုသာအော်ခေါ်နေမိသည်...မင်းမင်းက ဖြူလေးအင်္ကျီ
ကြယ်သီးတွေကို တလုံးချင်းဖြုတ်ပြီး ဖြူလေးခန္ဓာကိုယ်အနှံ့ 
ပွတ်သပ်နေသည် ဖြူလေးနှုတ်ခမ်းတွေကိုလဲအတင်း နမ်းနေ
သည် ဖြူလေးအသံကျယ်လောင်စွာအော်တော့....
ခေါင်းအုံးတလုံးယူပြီးဖြူလေးမျက်နှာကိုဖိထားသည်...
ပြီးတော့ လက်တဖက်က ဖြူလေးဘောင်းဘီကိုအတင်းဆွဲချွတ်
နေသည် ဖြူလေးအသက်ရှူကြပ်လာသည်..အော်လို့လဲမရတော့...ပြီးတော့ မင်းမင်းပေးတဲ့နာကျင်မူ့
ဝေဒနာတချို့ကိုခံစားနေရသည်....ဖြူလေးခနနေတော့
ငြိမ်ကျသွားသည်....ဖြူလေး လောကကြီးကို ထာဝရ
ကျောခိုင်းသွားပါပြီး.....မင်းမင်းကတော့်ရမ္မတ်ထန်နေသူဆိုတော့ ဖြူလေးအသက်ဝိညာဉ်ကင်းမဲ့နေတာတောင်မသိ..
..ထိုစဉ် .``ဟေ့ကောင် မင်းမင်း မင်း ယုတ်မာလှချည်လား
ကဲကွာ !! ကဲကွာ! !..ခွပ် ! .အား !!..´´အသံနှင့်အတူ.
မင်းမင်းလဲကျသွားသည်...ကျွန်တော့ဒေါသတွေ...
ဘလိုမှထိန်းချုပ်လို့မရ....အနီးနားမှာရှိတဲ့ပန်းအိုးနဲ့
မင်းမင်းခေါင်းကိုထုချလိုက်သည်..``လူယုတ်မာကောင်
သေစမ်းကွာ ..ခွမ်း..!!....အား!!!.....
မင်းမင်းဆီက ကြယ်လောင်တဲ့အသံတခုကြားရပြီး..
မင်းမင်းလဲ လူ့လောကကြီးထဲက ထွက်ခွာသွားခဲ့သည်....
``ဖြူလေးဖြူလေး...ဖြူလေး ကိုကိုလာပြီဖြူလေးရဲ့..ကိုကို့ကို
ထကြည့်ပါအုံးကွာ ´´...အသက်ဝိညာဉ်ကင်းမဲ့နေတဲ့ဖြူလေးရဲ့ခန္ဓာကိုယ်ကို ပွေ့ဖတ်ရင်း ကျွန်တော် လည်ချောင်းတွေကွဲမတတ် ..
အော်ခေါ်မိသည်...``ဖြူလေး !!!!!!!!!...´´
....ကျွန်တော့ဘဝကြီးတခုလုံးခြောက်ကပ်သွားခဲ့သည်..
ဖြူလေးအလောင်းကို မပုတ်သိုးအောင် ..အကောင်းစား
ဆေးရည်တွေနဲ့စိမ်ခဲ့တယ်... ဆေးရည်ရဲ့စွမ်းအားကြောင့်
ဖြူလေးအဲ့ဒီအခန်းထဲမှာ အိပ်ပျော်နေသလိုကျန်ခဲ့သည်..
ကျွန်တော်ကတော့ မင်းမင်းကိုသက်တဲ့အမူ့နဲ့..တရားဥပဒေ
ရဲ့အဆုံးအမကို လေးနှစ်ကြာအောင်ခံခဲ့ရသည်....
ဖြူလေးရဲ့အလောင်းကိုတော့ သက်ဆိုင်ရာကိုမအပ်ခဲ့ပါဘူး
အဲ့ဒါကျွန်တော့ဘဝရဲ့တခုတည်းသောပိုင်ဆိုင်မူ့လေ....
ဒီနေ့ဒီအချိန်ထိ ဖြူလေး ကျွန်တော့ရဲ့အိမ်ကြီးမှာ...
ကျွန်တော်တို့်နှစ်ယောက်ရိုက်ထားတဲ့ ခမ်းနားတဲ့ ဓာတ်ပုံကြီးနဲ့အတူ အိပ်ပျော်နေသည်.. .. .....ကျွန်တော့်ဖြူလေးမသေဘူး....
သူဘယ်တော့မှ မသေပါဘူး.........
ကျွန်တော်ညစဉ်ညတိုင်း ဖြူလေးကို
အဖြူရောင်ပုံပြင်တပုဒ်အမြဲပြောပြခဲ့သည်...........
ဖြူလေး ကတော့အမြဲတမ်းနားထောင်နေခဲ့သည်...........
..ဒါပေမယ့် သူကျွန်တော့ကို ဘာမှပြန်မပြောဘူးဗျာ..}
.......
.....
..ရောင်စဉ် ..ဒိုင်ယာရီ စာအုပ်ကိုဖတ်ပြီးတဲ့အဆုံးမှာ တော့
စာအုပ်ပေါ်ကို မျက်ရည်ကြည်တွေ အတားဆီးမရှိ စီးကျလာ
သည်...သူ မြတ်သိင်္ခ အပေါ်သနားခြင်း ချစ်ခြင်းတွေပိုသွား
ခဲ့သည်....သူမြတ်သိင်္ခကို တကယ်ချစ်သွားခဲ့တာလား.......
...``မင်း.ငါ့အကြောင်းတွေသိပြီပေါ့ ´´...ရုတ်တရက်အနောက်ကပြောလိုက်တဲ့အသံကြောင့်..
ရောင်စဉ် လန့်သွားသည်.....`` ခွင့်မတောင်းပဲဝင်မိလို့
တောင်းပန်ပါတယ် ကိုမြတ်သိင်္ခ ´´..``.ရပါတယ် မင်းသိရ
တာပေါ့ ညဥ့်နတ်နေပီသွားအိပ်တော့လေ. ငါ့မျက်နှာကိုသန့်ရှင်းရေးလုပ်ပေးလို့ကျေးဇူးပါ´´...``ခများ ဒဏ်ရာ သက်သာလား ´´ ``ဘာမမဖြစ်တော့ပါဘူး´´
ရောင်စဉ် မြတ်သိင်္ခကိုပြုံးပြပြီး .အခန်းထဲဝင်လာခဲ့သည်...
ရောင်စဉ် အိပ်မပျော်.. မြတ်သိင်္ခကို သူဘာလို့ချစ်သွားရတာလဲ
အချစ်ဆိုတဲ့အရာကိုသူအံသြမိတယ် သူ့ဘဝမှာ ယောက်ျား
တယောက်ကို ချစ်မိလိမ့်မယ်လို့ဘယ်တုန်းကမှ မစဉ်းစားမိ
.မြတ်သိင်္ခရယ် ခများကျုပ်ကိုချစ်ရင်လဲ ဘာလို့မျိုသိပ်ထားရတာ
လဲဗျာ .....
.............နောက်တနေ့ရောင်စဉ် .ခြံထဲဆင်းပြီး ပန်းပင်
တွေစိုက်ပျိုးမိသည် ..သူ.မြတ်သိင်္ခကို ပျော်ရွှင်စေချင်သည်..
သူ့ရဲ့စိတ်ကိုလန်းဆန်းစေချင်သည်....
ရောင်စဉ်ဒီရောက်ထဲက.မြတ်သိင်္ခရယ်တာကိုမပြောနဲ့
ပြုံးတာကိုတောင်မမြင်ဖူး သူပြုံးတာကို တခါလောက် မြင်ချင်မိသည်....ရောင်စဉ် စိုက်ထားတဲ့ ပန်းတွေကို
ကြည့်ရင်းသစ်ပင်တပင်မှာ မှီနေလိုက်သည်....
``ရောင်စဉ်..ငြိမ်ငြိမ်နေ နော် လုံးဝမလှုပ်နဲ့နော် လုံးဝမလှုပ်
လိုက်နဲ့ ´´..မြတ်သိင်္ခသူ့ကိုလှမ်းအော်သည်...ဘာမှန်းမသိပေမယ့် သူငြိမ်ငြိမ်လေးနေလိုက်သည်....
ခနနေတော့ ရောင်စဥ့်ပုခုံးပေါ်ကို အေးစက်စက်ရှည်မျောမျော အရာတခု ရွေ့လျောလာသည်..ရောင်စဉ် သွေးလည်ပတ်မူ့တွေ
ရပ်သွားလောက်အောင်ထိတ်လန့်မိသည်....
သူ့ခန္ဓာကိုယ်ပေါ်မှာ လက်မောင်းထက်မကတဲ့ မြွေကြီးတကောင်..တတ်လာတာပါ.. မြတ်သိင်္ခ မြွေ ရှေ့ကို
ငြိမ်ငြိမ်လေး လာပြီး ...ဆက်ခနဲမြွေဦးခေါင်းကိုကိုင်ပြီးပြစ်ထုပ်လိုက်သည်.....
ရောင်စဉ်လဲကြောက်အားလန့်အားနဲ့ မြတ်သိင်္ခကို ပြေးဖတ်
လိုက်တော့ အရှိန်လွန်ပြီး နှစ်ယောက်စလုံး မြေကြီးပေါ်မှာလဲကျသွားသည်.....
ရောင်စဥ့်မျက်နှာနဲ့ သူ့မျက်နှာ နီးကပ်နေပြီး.ရောင်စဉ်က
သူ့ရဲ့အထက်က ...သူ့လက်နှစ်ဖက်က ရောင်စဥ့်ကိုဖတ်ထားသည်......သူနဲ့ရောင်စဉ်တယောက်ကို
တယောက်အကြာကြီးကြည့်နေမိပြီး...ရောင်စဉ်လဲ..
ရင်တွေအရမ်းခုန်မိတယ် ဒါကိုအချစ်လို့ခေါ်နိုင်မလား....ပီးတော့ရောင်စဥ့်နှုတ်ခမ်းတစုံ
ပူနွေးသွားတယ်...မြတ်သိင်္ခရဲ့ နှုတ်ခမ်းတစုံက..ရောင်စဥ့်
နှုတ်ခမ်း ပါးပါးတစုံကို.လာရောက်နမ်းရှိုက်နေသည်.....
ရောင်စဉ်လဲအလိုက်သင့် သူ့ရဲ့နှုတ်ခမ်းတွေကိုပြန်လည်နမ်းရှိုက်မိသည်.....
..ခနကြာတော့ မြတ်သိင်္ခသတိဝင်ပြီး ...`` ဆောရီး....
ငါ..ငါသတိလွှတ်သွားတယ် ´´.....
သူ့ကို ဖယ်ပြီးမြတ်သိင်္ခသွားဖို့ခြေလှမ်းလိုက်သည်...
``ခများကိုကျွန်တော်ချစ်တယ် ဦးမြတ်သိင်္ခ.ခများလဲ
ကျွန်တော့်ကိုချစ်နေတာမဟုတ်လား´´...ရောင်စဉ်အရဲစွန့်
ပြီးမေးလိုက်သည်...``မင်းကိုငါ..ငါ...မချစ်ဘူး´´...
`` ခများမညာချင်ပါနဲ့. ခများကျွန်တော့ကိုချစ်နေတယ်မဟုတ်လား´´...``မဟုတ်ဘူး
လုံးဝမချစ်ဘူး ..!..ငါ.ဖြူလေးနေရာမှာ ဘယ်သူ့ကိုမှ
အစားမထိုးနိုင်ဘူး ´´....ရောင်စဉ် ..မျက်ရည်တွေတားဆီးလို့
မရ ...သူညာနေတာ ..ရောင်စဉ်သိသည်.....
`` ခများရဲ့ပိုးလုံးဖြူက သေသွားပြီ ´´ .ရောင်စဥ့်စကားအဆုံးမှာ သူ.ရောင်စဥ့် လည်ပင်းက အင်္ကျီစကိုလက်နဲ့ကိုင်..
ရောင်စဥ့်မျက်နှာကိုလဲလက်သီးနဲ့ ထိုးဖို့ချိန်ထားသည်....
``ထိုးလိုက်ပါ ဦးမြတ်သိင်္ခ ခများကြိုက်သလောက်ထိုးလိုက်ပါ
အမှန်တရားကိုခများဘာလို့လက်မခံရတာလဲ ´´....
``မင်းနောက်ထပ်င့ါရှေ့မှာ ဖြူလေးသေပြီလို့မပြောနဲ့..
ဖြူလေးမသေဘူး ...´´...မြတ်သိင်္ခ..ပြောပြီး ကလေးတယောက်လို ငိုကြွေးနေသည်....
``ခများရဲ့စွဲလန်းမူ့တခုနဲ့ ခများနဲ့ကျွန်တော်တို့နှစ်ယောက်ရဲ့
ရင်ခုန်သံတွေကို မြေမြှုတ်ပြစ်တော့မှာလား..´´.....
ရောင်စဉ် မျက်ရည်တွေသုတ်လိုက်ပြီး... အိမ်ပေါ်ကိုပြေး
တတ်လာခဲ့သည်..ရောင်စဥ့်နှလုံးသားတွေလဲ ကွဲအက်ကုန်
ပါပြီ....ခများညာတယ် ....ခများ..ကိုမုန်းတယ်...
ရောင်စဉ် အခန်းထဲမှာ ပေါက်ကွဲနေမိသည်.....
ရောင်စဉ်. ဘဝမှာ ပထမဦးဆုံးအချစ်မှာတင် ကြေကွဲစရာ
ဇာတ်လမ်းနဲ့စခဲ့သည်.....ဦးမြတ်သိင်္ခ ခများကျွန်တော့ကို
မချစ်ဘူး ပြောပြီးတနေရာမှာငိုကြွေးနေမှာလား..
ခများဘလောက်ညာညာခများမျက်ဝန်းတွေမှာ ကျုပ်.အဖြေမှန်
ကိုတွေ့နေရတယ်ဗျ.....ရောင်စဉ် တညလုံးအိပ်မပျော်....
မိုးလင်းတဲ့အထိ ငိုကြွေးနေမိသည်..ငိုရလွန်းလို့ မျက်လုံးတွေ
မို့ဖောင်းနေသည်.....
...ရောင်စဥ့် မျက်ရည်တွေ ခန်းခြောက်သွားပြီလားလို့တောင်
ရောင်စဉ် ထင်လိုက်မိသည်.............
....မြတ်သိင်္ခလဲ တညလုံးငိုထားပုံရသည်..
သူ့မျက်လုံးတွေက နီရဲနေသည်................
ရောင်စဉ်နဲ့သူ နှစ်ယောက်သား တယောက်ကိုတယောက်
စကားမပြောဘဲ အိမ်ကြီးပေါ်မှာတိတ်ဆိတ်စွာ အချိန်တွေ
ကုန်ဆုံးခဲ့ကြရသည်....
......
..........
.......တွေ့ဆုံခြင်းတွေကအမြဲတမ်းခွဲခွာခြင်းတွေရဲ့နိဒါန်းပါ
..``သား..ရောင်စဉ်..´ ´ခေါ်သံကြောင့်ရောင်စဉ်
လှည့်ကြည့်လိုက်တော့ ...``ဟင်..ဖေဖေ..ဖေဖေလိုက်လာတယ်နော် ´´...``သားရယ်ဖေဖေသားကို
လိုက်ရှာနေတာကြာလှပါပြီ သားကိုပြန်ပေးဆွဲသွားတဲ့သူတွေ
လဲမိကုန်ပြီ အခုသူတို့ကိုဖမ်းပြီး သားကိုလူတယောက်ကယ်
ထားတယ်ဆိုလို့ဖေဖေတို့လိုက်လာတာ ..ဒီမောင်ရင်နဲ့
လမ်းမှာတွေ့ပြီး...သူက သားဆီကိုခေါ်လာတာ ´´....
သူ မြတ်သိင်္ခကိုလှမ်းကြည့်လိုက်သည်....မြတ်သိင်္ခ သူ့ကို
အကြည့်ချင်းမဆိုင်မျက်နှာလွှဲထားသည်.......
``သားလေးကို ကယ်တင်ထားတဲ့မောင်ရင့်ကို ဦးတို့ကျေးဇူး
တင်လိုက်တာကွယ် ´´..ဖေဖေက သူ့ကို..ကျေးဇူးတင်ကြောင်းပြောသည် ...``ကဲသား..ဖေဖေတို့
အိမ်ပြန်ကြမယ်နော် ´´....``ဟုတ်ကဲ့ပါဖေဖေ ခနနော်...´´
မြတ်သိင်္ခကိုကြည့်လိုက်တော့ သူမရှိတော့....
အိမ်အခန်းထဲဝင်သွားတာမြင်လိုက်သည်....
ဒါနဲ့ရောင်စဉ်လဲ သူ့နောက်ကိုပြေးလိုက်လာခဲ့သည်....မြတ်သိင်္ခတဖက်ကိုလှည့်ပြီးမျက်ရည်ကျနေသည်..
..`` ခများဘာလိုမျက်ရည်ကျနေတာလဲ ဦးမြတ်သိင်္ခ ´´..
``ခများလုံးဝမချစ်ဘူးဆိုတဲ့ ကျွန်တော် ခများနဲ့ဝေးရာကို
သွားရတော့မယ်...´´...ရောင်စဥ့်မျက်ရည်တွေဘလိုတား
ဆီးရမလဲမသိ......``ခများကျွန်တော့ကို စကားတခွန်းလောက်ပြောပါအုံး ´´......``ကျွန်တော့ရင်ထဲ
မှာ..တသက်လုံးနာကျည်းစေမယ့်စကားမျိုးလေ..´´
``ကျွန်တော်ခများကိုမနာကျည်းရက်ဘူးဖြစ်နေတယ်ဗျာ´´
...ရောင်စဉ် မျက်သိင်္ခရှေ့တည့်တည့်သွားပြီး မျက်နှာချင်း
ဆိုင်လိုက်သည်....``ကျွန်တော် တခုပဲတောင်းဆိုချင်တယ်
ဦးမြတ်သိင်္ခ.. .ဖြူလေးနဲ့ ခများဓာတ်ပုံရိုက်သလို ကျွန်တော့ကို
လဲရိုက်ခွင့်ပေးပါ...ဒါလေးကိုတော့ ကျွန်တော့အတွက်
လိုက်လျော ပေးပါနော်.´´......
မြတ်သိင်္ခခနငြိမ်နေပီး မျက်ရည်တွေသုတ်လိုက်သည်...
``ကောင်းပြီရောင်စဉ် ´´..``မင်းတောင်းဆိုတာကို.ငါ
လိုက်လျော ပေးပါမယ် ´´..မြတ်သိင်္ခ ဗီရိုထဲက အင်္ကျီအဖြူရောင် တထည်ထုပ်လိုက်သည်...
.``ရော့ ..ဒီအင်္ကျီက ဖြူလေးနဲ့ငါ ဓာတ်ပုံရိုက်တုန်းကသူဝတ်
ခဲ့တာ မင်းအခုအဲ့ဒီအင်္ကျီကို ၀တ်လိုက်´´.....ရောင်စဉ်အင်္ကျီ
အဖြူလေးကိုဝတ်လိုက်သည်..ပြီးတော့ မှန်ရှေ့ကိုသွားပြီး
ဓာတ်ပုံထဲက ဖြူလေးနဲ့တူအောင်ဆံပင်ကို ဖီးလိုက်သည်...
``ကျွန်တော်အောက်ကစောင့်နေမယ်..´´..
ရောင်စဉ်အောက်ကိုသွာ့းပြီး ဖေဖေ့ဆီက ကင်မရာကိုယူ
လာခဲ့သည်.....ပြီးတော့ သူတို့်နှစ်ယောက်ရိုက်ခဲ့တဲ့
ပန်းခြံမှာ စောင့်နေလိုက်သည်.....
ခနနေတော့ မြတ်သိင်္ခဆင်းလာသည်...သူဝတ်ထားတာကလဲ
ရောင်စဉ်နဲ့ဆင်တူ....အဖြူရောင်ကိုဝတ်ထားသည်....
ဆံပင်ကိုလဲ သူသပ်သပ်ရပ်ရပ်ဖီးလာသည်.....
ရောင်စဉ် ကင်မရာကိုချိန်ပြီး.....မြတ်သိင်္ခနားကိုကပ်လိုက်တယ် ပြီးတော့ ဖြူလေးလိုပဲ
မြတ်သိင်္ခိပုခုံးပေါ်ခေါင်းလေးမှီလိုက်သည်....မြတ်သိင်္ခလဲ
ရောင်စဥ့်ခါးကို ဖတ်ထားသည်..ရောင်စဉ် ဒီခနလေးကို
တသက်လုံးမေ့မှာ မဟုတ်တော့ပါဘူး......
ဓာတ်ပုံရိုက်ပြီးရောင်စဉ်နဲ့သူ အပေါ်ထပ်ကိုပြန်တတ်လာခဲ့သည်..ရောင်စဉ်အင်္ကျီပြန်လဲမယ်
လုပ်တော့ ``မလဲနဲ့တော့ အဲ့ဒီအင်္ကျီဝတ်ပြီး သွားပါ´´
..ရောင်စဉ် မျက်ရည်ဝေ့၀ဲလာတာကိုမကျအောင်ထိန်းရင်း..
မြတ်သိင်္ခလက်ကိုစွဲလိုက်သည် ပြီးတော့ ဖြူလေးရုပ်ကလာပ်
ထားတဲ့အခန်းကိုခေါ်လာခဲ့သည်.......ရောင်စဉ် အခေါင်း
နားကိုကပ်ပြီး `` ခများအရမ်းကံကောင်းတယ်ဖြူလေး..
ခများလူ့လောကကြီးထဲမရှိတော့ပေမယ့်..မြတ်သိင်္ခရဲ့အသဲ
နှလုံးကို ပိုင်ဆိုင်လိုက်ရတယ်...မြတ်သိင်္ခနှလုံးသားမှာ
ကျွန်တော့အတွက် မြူတမှုံစာလောက်တောင်နေရာမရှိတော့
ဘူး...ဒါပေမယ့် ကျွန်တော့အသဲနှလုံးတွေကိုတော့..
မြတ်သိင်္ခရဲ့ စွဲလမ်းမူ့အောက်မှာ မြေမြှုတ်လိုက်ရပြီ.....
ခများက အသက်သေပြီး ပျော်ရွှင်နေမယ် ကျွန်တော်ကတော့
အသက်ရှင်ပြီးနာကျင်ဝမ်းနည်းနေရမယ်.....ခများတို့နှစ်ယောက်ရဲ့ အဖြူရောင် ပုံပြင်မှာ ကျွန်တော်က
ဗီလိန်အဖြစ်နဲ့သရုပ်ဆောင်ခွင့်ရလိုက်လို့ ၀မ်းသာမိပါတယ်
နှုတ်ဆက်ပါတယ် ပိုးလုံးဖြူ ခများတမလွန်ကနေစိတ်ချပါ
ခများချစ်သူဆီက အချစ်တွေ မြူတမှုံစာလောက်တောင်ကျွန်တော့ဆီမပါ
ခဲ့ပါဘူး..´´...
ရောင်စဉ်ပြောပြီး မြတ်သိင်္ခဘက်ကိုလှည့်လိုက်သည်....
``ဦးမြတ်သိင်္ခ ကျွန်တော်နှုတ်ဆက်ပါတယ် ´´......
သူပြောပြီး...ထွက်လာခဲ့သည် မြတ်သိင်္ခကတော့
ဖြူလေးရဲ့ရုပ်ကလာပ်ရှေ့မှာ ကျောက်ရုပ်တရုပ်လို
ကျန်နေခဲ့သည်....ရောင်စဉ်ကတော့ မျက်ရည်တွေနဲ့အတူ
ဖေဖေ့ကားထဲမှာ ..ကားဘီးတွေက ရောင်စဥ့်ကို မြတ်သိင်္ခနဲ့ဝေးရာ ကို တရွေ့ရွေ့ခေါ်ဆောင်သွားကြသည်
ဒါပေမယ့် ကျောက်ရုပ်တရုပ်က ကျတဲ့မျက်ရည်တွေကိုတော့
ရောင်စဉ် မမြင်ခဲ့ပါဘူး..
....
.....ခန်းနားထည်ဝါလှတဲ့ အိမ်ကြီးတည်ရှိရာ ခြံဝန်းထောင့်တနေရာတွင်..အင်္ကျီအဖြူရောင် ကိုစမတ်တကျ
ဝတ်ဆင်ထားပြီး..သန့်ရှင်းသပ်ရပ် ခန့်ုငြားသော လူရွယ်
တယောက် သူ့မျက်နှာမှာ အရင်ကလို မုတ်ဆိတ်ပသိုင်းတွေ
ရှိမနေတော့ပါ ဒါပေမယ့် မျက်ရည်စတချို့တော့ရှိနေသည်...
သူ့ရဲ့ရှေ့မှာတော့ တဟုန်းဟုန်းတောက်လောင်နေတဲ့မီးတောက် မီးလျံတချို့...
အဲ့ဒီမီးတောက်မီးလျံတွေကြားထဲမှာတော့.....အပြစ်ကင်းစင်
တဲ့မျက်နှာပိုင်ရှင်က ငြိမ်သက်စွာ လောင်မြိုက် ခံနေသည်
......
ဟုတ်ပါတယ် . မြတ်သိင်္ခအစွဲလမ်းကြေင့် ဖြူလေး ဒီအိမ်ကြီး
ထဲမှာ နှစ်ပေါင်းငါးနှစ်တာ အိပ်စက်ခဲ့ရပြီ....
အခုတော့ ဖြူလေးရယ်...မင်းသွားချင်တဲ့နေရာကို...
လွပ်လွပ်လပ်လပ် သွားဖို့ကိုကိုခွင့်ပြုလိုက်ပါပြီ......
.....
............မြတ်သိင်္ခ..အသဲ နှစ်ခါကွဲခဲ့ရပြီ....
ရောင်စဥ့်ကိုသူချစ်မိသွားတာ ...သူညာမိသည်....
အမှန်အတိုင်းပြောချင်ပေမယ့် ဖြူလေးပုံရိပ်တွေက သူ့ကို
ခြောက်လှန့်နေသည်..အခုတော့ ဖြူလေးလဲ သူ့ဘဝထဲက
လွပ်လပ်စွာ ထွက်ခွါသွားပါပြီ........
ရောစဉ် ထွက်သွားပြီးနောက်ပိုင်း..သူ့ရင်ထဲမှာ..တခုခုလို
နေခဲ့သည်....
ရောင်စဉ်ရယ် ..ခုချိန်မှာ ငါ့ရဲ့အစွဲလမ်းတွေအားလုံး..
ငါအဆုံးသက်လိုက်ပါပြီ...ငါ့ရင်ခွင်ကလဲ..မင်းမှေးစက်ဖို့
အဆင်သင့်ဖြစ်နေပြီ....
......... ပြာကျသွားတဲ့ဖြူလေးရဲ့ ....ပြာပုံကိုကြည့်ပြီး ..
မြတ်သိင်္ခ ရင်ထဲမှာ ပေါ့ပါးသွားခဲ့သည်...
ဖြူလေးကို သွားခွင့်ပေးလိုက်တာ သူ့နှလုံးသားကိုလွပ်လပ်ခွင့်
ပေးလိုက်တာနဲ့အတူတူပဲလေ......
.....မြတ်သိင်္ခ အိမ်ကြီးပေါ်တတ်လာခဲ့သည်.....
ဟင်.....မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်....
သူအံသြသွားရပြီ......
ဧည့်ခန်းတနေရာမှာ ရောင်စဉ်နဲ့သူ ရိုက်ခဲ့တဲ့ဓာတ်ပုံအကြီးကြီး
ကို တခန်းတနားကြီး ချိတ်ဆွဲထားသည်......
သေချာပါပြီ ရောင်စဉ် ဒီအိမ်ကြီးကိုပြန်ရောက်နေပီ......
..``ရောင်စဉ်ဖြူ.. ..ရောင်စဉ်...ရောင်စဉ်..´´...
သူ..အော်ခေါ်မိသည်...ရောင်စဉ်ဘယ်မှာပုန်းနေပါလိမ့်..
..အိမ်ကြီးရဲ့အခန်းတွေအားလုံးကို ရှာကြည့်ပေမယ့် မတွေ့...
သူ ..စိတ်ပျက်စွာ ဧည့်ခန်းဆီပြန်လာခဲ့သည်....
.......
............``ဟာ..´´.. ဓာတ်ပုံ ဘယ်ရောက်သွားပါ
လိမ့်.........
ခုနကမှဧည့်ခန်းထဲမှာ အခန့်သားချိတ်ဆွဲထားတဲ့ဓာတ်ပုံ
အခုမရှိတော့ဘူး..
..သေချာတယ်ရောင်စဉ်ဖြူ....
ငါ့စိတ်တွေ ကယောင်ကတမ်းနဲ့ မင်းကိုတမ်းတနေမိတာပါ...
ငါ့ကိုမလှည့်စားပါနဲ့လားရောင်စဉ်ဖြူရယ်...
..မြတ်သိင်္ခ မျက်နှာကို လက်ဖ၀ါးနဲ့အုပ်ပြီး ကလေးတယောက်လို ငိုရှိုက်မိသည်............
ဖြူလေး သူ့ရင်ထဲကထွက်သွားပေမယ့်....အခု ရောင်စဉ်က
သူ့ရင်ထဲစွဲလမ်းနေမိပြန်ပြီ.............
``ဘာလို့ကလေးလေးတယောက်လိုငိုနေတာလဲ.ဦးမြတ်သိင်္ခ´´
အသံတခုကြောင့် သူ..မော့ကြည့်လိုက်တော့....
``ဟင်..ရောင်..ရောင်စဉ်...ရောင်စဉ်ဟုတ်ပါတယ်နော်´´
....အင်္ကျီအဖြူရောင် ၀တ်ထားတဲ့ ရောင်စဥ့်ကိုကြည့်ပြီး
မြတ်သိင်္ခအိမ်မက်လိုလိုထင်မိသည်........
``ဟုတ်ပါတယ် ရောင်စဉ်ပါ...မမှတ်မိတော့ဘူးလား´´...
............
..............ရုတ်တရက် ရောင်စဉ်ကြောင်သွားသည်..
မြတ်သိင်္ခ နေရာကထပြီး ရောင်စဥ့်ကို တင်းနေအောင်ဖတ်ထား
သည်မဟုတ်လား ......
..``ကို့ကိုခွင့်လွှတ်ပါ ရောင်စဉ်ရယ့်....ကိုလေ..ရင်ခုန်သံ
တွေကို ညာမိတယ်..ရောင်စဥ့်ကို ကိုအရမ်းချစ်တယ်ရောင်စဉ်
ကိုပြောတာကိုယုံပါနော်..´´.....
..``ရောင်စဥ့်ကိုချစ်နေမှန်း အစထဲကသိသားပဲ ..သူပဲ ဒိုင်ယာရီစာအုပ်ထဲရေးထားပီးတော့ ´´...
ရောင်စဉ် ကြည်နူးရပါတယ် ဦးမြတ်သိင်္ခရယ်.....
ရောင်စဉ်တောင့်တခဲ့တာ ...ဦးမြတ်သိင်္ခရဲ့..အချစ်တွေကိုပဲ
မဟုတ်လား........ရောင်စဉ်လဲ ..သူ့ကိုပြန်ဖတ်ထားမိသည်
ဒီတခါ..ရောင်စဉ် သူ့ရင်ခွင်ထဲကထွက်သွားရမှာကြောက်မိသည်.....
`` ကိုခ´´....
ဖြူလေးခေါ်သလိုခေါ်လိုက်တော့ မြတ်သိင်္ခ..အံသြသွားသည်
``ရောင်စဉ်ကို့ကို ကိုခ လို့ ခေါ်လိုက်တာလား ´´...``ဟုတ်တယ်လေ
ဖြူလေးက ကိုခကိုအရမ်းချစ်တယ်မဟုတ်လား..ရောင်စဉ်လဲ
ဖြူလေးချစ်သလို ကိုခကိုချစ်တယ် ဒါ့ကြောင့် တမလွန်က.
ဖြူလေးစိတ်ချအောင် ကိုခကို သူ့လို့ပဲချစ်ပြရမယ်လေ
ဒါကြောင့် ကိုခလို့ခေါ်လိုက်တာ နောက်ဆိုတဆင့်တတ်ပြီး
ကိုကိုလို့ခေါ်အုံးမှာ ´´.......
မြတ်သိင်္ခ ကြည်နူးရပါပြီ..........
``၀မ်းသာလိုက်တာရောင်စဉ်ရယ် ´´........
ရောင်စဉ် မြတ်သိင်္ခရင်ခွင်ထဲက ထွက်လိုက်ပြီး...
.``ဒီမှာကြည့်စမ်းကိုခ´´.....ရောင်စဉ် အ၀တ်နဲ့အုပ်ထားတဲ့
ဓာတ်ပုံ ကားချပ်ကြီးကိုဖွင့်ပြလိုက်သည်.......
ဓာတ်ပုံရဲ့အောက်မှာလဲ ..အဖြုရောင်ပုံပြင် ဆိုတဲ့..စာသားလေးနဲ့.........``ရောင်စဉ်နဲ့ကိုခ.....အဖြူရောင်ပုံပြင် ဇာတ်လမ်းအသစ်တပုဒ်ရေးချင်တယ်ကိုခရယ်´´....
``ဒါပေါ့ရောင်စဉ်ရဲ့ ဒီတခါတော့ ရောင်စဉ်က ဗီလိန်မဟုတ်တော့ဘူး မင်းသားနေရာဖြစ်သွားပြီ....´´
သူပြုံးပြီးတော့ပြောလိုက်သည်.........
...``အဲ့ဒီနေရာကို အိမ်မက်မက်ခဲ့တာကြာပါပြီ ကိုကို
ရောင်စဉ်လေ..အဖြူရောင်ပုံပြင်ထဲမှာ ဘယ်ဇာတ်ရုပ်နဲ့
နေရနေရ နေပျော်ပါပြီကိုကိုရယ်...´´.....
........
..............ပြီးပါပြီ......
......{အဖြူရောင် ပုံပြင် }.......
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment