ဖွားဖက်တော်ကြီး သန်မာစေဖို့ စားသုံးသင့်တဲ့ အစားအစာ ၁၀ မျိုး
ပိုမိုကောင်းမွန်တဲ့ လိင်ဆက်ဆံမှု ရရှိဖို့ အမျိုးသားတိုင်း အလိုရှိကြပါတယ်။ ဒါကို ဝန်ခံရတာဟာ ရှက်စရာ မဟုတ်ပါဘူး။ ဒီလို ပိုကောင်းတဲ့ ချစ်တင်းနှီးနှောမှု ရရှိလိုတဲ့ အမျိုးသားတွေ အတွက် သတင်းကောင်း တစ်ခု ရှိပါတယ်။
ဟားဗတ်တက္ကသိုလ်နဲ့ အရှေ့အန်ဂျလီယာ တက္ကသိုလ်က နှစ်ပေါင်း ၃၀ ကျော်ကြာ ပြုလုပ်ခဲ့တဲ့ သုတေသန တစ်ခုအရ ဝိုင်နီတစ်ခွက်ပုံမှ သောက်တဲ့သူ၊ အသီးအရွက်ပုံမှန် စားသုံးတဲ့သူ၊ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီနဲ့ ပန်းသီး စားတဲ့သူတွေဟာ ပန်းညိုး၊ ပန်းသေ ဖြစ်ဖို့ ရာခိုင်နှုန်း ပိုနည်းတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အာက်ပါ အစားအစာ ၁၀ မျိုးက ချစ်တင်းနှီးနှောတဲ့ အခါ သင့်ဖွားဖက်တော်ကို ဟာကျူလီလို သန်မာစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
၁။ ကော်ဖီ။
မွေးပျံ့တဲ့ အနံ့နဲ့ ကောင်းမွန်တဲ့ ကော်ဖီဟာ သင့် အစောချေဖျက်နှုန်းကို ကောင်းမွန်စေရုံသာမက သင့်သွေး စုပ်တင်တာကို ပိုမိုအားကောင်းစေတဲ့ အပြင် ချစ်တင်းနှီးနှောတဲ့ အခါ သင့်စိတ်ကြိုက် ကြာရှည်စေပါတယ်။
၂။ ကရုကမာ (Oysters)။
Oyster မှာ ဇင့် (zinc) ဓာတ်နဲ့ ဗိုက်တာမင် B6 ပါဝင်ပြီး ဖွားဖက်တော် ထွားကြိုင်းလာစေဖို့နဲ့ ကောင်းမွန်တဲ့ ချစ်တင်းနှီးနှောမှု ရရှိဖို့ အရေးကြီးတဲ့ တက်စထရိုစထရုန်း (testosterone) ဓာတ် ကြွယ်ဝပါတယ်။ ဒီ oyster စားရတာ မကြိုက်ဘူးဆိုရင် မြေပဲနဲ့ အခြား အစေ့တွေထဲကလည်း တက်စထရိုစထရုန်း (testosterone) ဓာတ် ရနိုင်ပါတယ်။
၃။ ငရုတ်သီး။
ငရုတ်သီးစားပြီးလို့ နောက်တစ်နေ့ ဝမ်းသွားတာဟာ သွေးကြောတွေ ဖြန့်ကားတဲ့ အတွက် ဖြစ်ပါတယ်။ ငရုတ်သီးစားရင် သွေးကြောတွေပဲ ပြန့်ကားသွားတာ မဟုတ်ပါဘူး။ ဖွားဖက်တော်ကြီး မာကြောလာတာဟာ သူ့ထဲမှာရှိတဲ့ သေးငယ်တဲ့ သွေးပြွှန် (သွေးကြော) တွေထဲ သွေးတွေ ရောက်ရှိလာလို့ ဖြစ်ပါတယ်။ ဒါကြောင့် မာကြောလာဖို့ လိုအပ်တဲ့ ကျန်းမာတဲ့ နှလုံးနဲ့ ကောင်းမွန်တဲ့ သွေးပြွှန်တွေ ဖြစ်လာစေဖို့ ငရုတ်သီးက ကူညီပေးနိုင်ပါတယ်။
၎။ ငှက်ပျောသီး။
မာကြောတဲ့ ဖွားဖက်တော်ပိုင်ရှင် ကွီးတွေဟာ နှလုံးအားကောင်းကြပါတယ်။ ဒီလို ပိုတက်ဆီယမ် ဓာတ်ရရှိပြီး နှလုံးအားကောင်းဖို့ ငှက်ပျောသီးစားပါ။ လုံလောက် မျှတတဲ့ ပိုတက်ဆီယမ်ဓာတ် ရှိရင် ဆိုဒီယမ်ဓာတ်ကို ထိန်းညှိပြီးသားဖြစ်တဲ့အတွက် သွေးပေါင်ချိန်မြင့်တက်လာမှုကို လျော့နည်းစေတဲ့အတွက် သင့်နှလုံးကို ကျန်းမာစေပါတယ်။ တကယ်လို့ ဆားဓာတ်အစားများပြီး ငှက်ပျောသီး မကြိုက်ဘူးဆိုရင် လိမ္မောသီးနဲ့ အာလူးကနေ ပိုတက်ဆီယမ် ဓာတ်ရရှိနိုင်ပါတယ်။
၅။ ဆော်လမွန်ငါး။
ငါးတွေမှာ ပါတဲ့ အဆီဓာတ်ဟာ သွေးကို စေးကပ်မနေစေဘဲ သွေးလည်ပတ်မှုကို ပိုမိုမြန်ဆန် ချောမွေ့စေတာမို့ ဆော်လမွန်ငါး၊ ငါးကွမ်းရှပ်နဲ့ တူနာ ငါးတွေကို တစ်ပတ် နှစ်ခါလောက် စားသုံးပေးရုံနဲ့ သင့် သွေးလွတ်ကြောတွေကို ပိုမို အလုပ်လုပ်စေမှာပါ။
၆။ ဝက်သား။
လူအများစု ထင်ထားသလို ဖွားဖက်တော်ကြီးဟာ သူ့စိတ်နဲ့သူ လုပ်ရှားနိုင်တာတော့ မဟုတ်ပါဘူး။ မတ်ထောင်နေတဲ့ ဖွားဖက်တော်ကြီးဖြစ်လာဖို့ အာရုံကြောနဲ့သွေးကြောတွေဟာ စစ်တပ်တစ်ခု လှုပ်ရှား နေသလိုမျိုး တိကျမှု ရှိဖို့ လိုပါတယ်။ ဒီလို အာရုံကြောအားကောင်းဖို့ ဗိုက်တာမင် B1 လိုအပ်တဲ့ အတွက် ဝက်သား စားတာဟာ သင့်ဖွားဖက်တော်ကို မှန်ကန်တဲ့ လမ်းကြောင်းဘက် မတ်တောင်နေစေပါတယ်။ ဝက်သား မစားတဲ့ ကွီးတွေအနေနဲ့ ပဲမျိုးစုံနဲ့ ပေါင်မုန့်တွေကနေ ဗိုက်တာမင် B ဓာတ်ရနိုင်ပါတယ်။
၇။ ချယ်ရီသီး။
သင့် သွေးလွတ်ကြောနံရံတွေကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်တွေပါဝင်ပြီး သွေးလွတ်ကြောမှာ သွေးပိတ်ဆို့မှု ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ချယ်ရီသီးမကြိုက်ဘူးဆိုရင် ဘယ်ရီသီးတွေ ဒါမှမဟုတ် အရောင်အဆင်း တောက်ပတဲ့ မက်မွန်သီး၊ ဆီးသီးနဲ့ စပျစ်သီးတွေကိုလည်း စားသုံးနိုင်ပါတယ်။
၈။ ကြက်သွန်နီ။
ကြက်သွန်နီနဲ့ ဂျင်းဟာ သွေးလည်ပတ်မှုကို အားကောင်းစေပြီး သွေးခဲမှု သွေးပိတ်ဆို့မှုတွေကနေ ကာကွယ် ပေးနိုင်ပါတယ်။
၉။ ဝိုင်။
အထူးသဖြင့် ဝိုင်နီဟာ antioxidant ဓာတ်ပါဝင်တဲ့ စပျစ်ခွံပါဝင်တာမို့ သွေးလွတ်ကြောတွေကို ဖွင့်ပေးတဲ့ အပြင် နိုက်ထရစ် အောက်စစ် ဓာတ်ကို ပိုမို ထုတ်လွတ်ပေးပါတယ်။ ဒီ နိုက်ထရစ် အောက်စစ် ဓာတ်ဟာ ကာမ အားတိုးဆေး တွေလိုပဲ သွေးကြောတွေကို ပွင့်ထွက်သွားစေပါတယ်။ ကာမအားတိုးဆေးတွေဟာ သွေးကြော အသေးလေးတွေမှာပဲ အာနိသင် ရှိပေမယ့် ဝိုင်အနီက သင့်သွေးပြန်ကြော၊ သွေးလွှတ်ကြောတွေ အားလုံးမှာ အကျိုးသက်ရောက်မှု ရှိပါတယ်။ ကာမ အားတိုးဆေးတွေလိုလည်း ဘေးဥပဒ် မဖြစ်စေပါဘူး။
၁၀။ ဆန်ပြုတ် သို့မဟုတ် ဂျုံနဲ့ပြုလုပ်တဲ့ ဆန်ပြုတ်။
ဆန်ပြုတ်မှာ ပါဝင်တဲ့ သင့်သွေးလည်ပတ်မှုကို ချောမွေ့စေပြီး မကောင်းတဲ့ ကိုလက်စထရောဓာတ်ကို ဖယ်ရှားပေးပါတယ်။
ကျော်စွာ
Yez Magazine
www.yezmagazine.com
Ref:MH
0 comments:
Post a Comment